ဇလွန် စက်တင်ဘာ ၂၄

 

ဧရာဝတီတိုင်းဒေသကြီး ဇလွန်မြို့နယ် မီးသတ်ဦးစီးဌာနက မီးဘေးလုံခြုံရေးနှင့် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေး စစ်ဆေးဆောင်ရွက်ခြင်းကို ယနေ့နံနက်ပိုင်းက ဇလွန်မြို့နယ် ဌာနဆိုင်ရာရုံးများ၌ ကွင်းဆင်းဆောင်ရွက်သည်။

 

ထိုသို့ဆောင်ရွက်ရာတွင် ဇလွန်မြို့နယ် မီးသတ်ဦးစီးအရာရှိ ဦးရန်လင်းထွဋ် ဦးဆောင်၍ သန္ဓေအရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ မြို့နယ်လျှပ်စစ်ရုံးမှ တာဝန်ရှိသူများ၊ မြို့နယ်စည်ပင် သာယာရေးအဖွဲ့ဝန်ထမ်းများ၊ မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများက မြို့နယ်ဌာနဆိုင်ရာရုံးများတွင် မီးဘေးလုံခြုံရေးနှင့် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် ဆောင်ရွက်ထားရှိမှုများကို ကြည့်ရှုစစ်ဆေး၍ မီးသတ်ဆေးဘူးများ အသင့်ထားရှိရန်နှင့် မီးသတ်ဆေးဘူးအသုံးပြုနည်း၊ မတော်တဆ မီးလောင်မှုဖြစ်ပွားလာပါက မီးသတ်ဦးစီးဌာနသို့ ဆက်သွယ်ရမည့် ဖုန်းနံပါတ်များထားရှိစေရေး အကြံပြုမှာကြားကာ အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

ဧရာဦးသာ