ပေါင် စက်တင်ဘာ ၂၄
မွန်ပြည်နယ် ပေါင်မြို့နယ်၌ မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေး ကြီးကြပ်မှုဗဟိုကော်မတီ၏ (၃/၂၀၂၅) လုပ်ငန်းညှိနှိုင်းအစည်းအဝေး ဆွေးနွေးချက်ကို ယနေ့နံနက် ၁၀ နာရီက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝါရီရူခန်းမ၌ ပြုလုပ်သည်။
ဦးစွာ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးထင်လင်းအောင်က အမှာစကား ပြောကြားသည်။
ဆက်လက်၍ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင် မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ဦးစီးမှူး ဦးသန်းဝင်းဇော်က လူဦးရေစာရင်းကောက်ယူမှုနှင့် ပတ်သက်၍ လိုအပ်သည်များ ဆွေးနွေးမှာကြားသည်။
ထို့နောက် မြို့နယ်ကော်မရှင်အဖွဲ့ခွဲ ဦးစီးအရာရှိ ဒေါ်ဂျူးနီတာဇော်က မဲစာရင်းများမှန်ကန်မှုရှိစေရေး မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနနှင့် မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနတို့ ပေါင်းစပ်ဆောင်ရွက်မည်ဖြစ်ကြောင်း ပြောကြားသည်။
မွန်မလေး(ပြန်/ဆက်)


