သာစည် စက်တင်ဘာ ၂၄
မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ်၌ မြန်မာနိုင်ငံ ကြက်ခြေနီအသင်းက မန္တလေးငလျင်ကြီးဘေး တုံ့ပြန်ရေးနှင့် ပြန်လည်ထူထောင်ရေး ထောက်ပံ့မှုအစီအစဉ်ဖြင့် ငလျင်ဘေးသင့် အိမ်ထောင်စု ၂၈၆ စုတို့အား ထောက်ပံ့ငွေ ပေးအပ်ခြင်းကို စက်တင်ဘာ ၂၃ ရက်က အမှတ် (၇) ရပ်ကွက် နဘဲရွှေထီးဘုရားဝင်းအတွင်း၌ ပြုလုပ်သည်။
ဦးစွာ မြန်မာနိုင်ငံ ကြက်ခြေနီအသင်း ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဌာနမှ တာဝန်ရှိသူတစ်ဦးက ထောက်ပံ့ငွေ ပေးအပ်မှုနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပြီး မြန်မာနိုင်ငံ ကြက်ခြေနီအသင်း ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဌာနမှ တာဝန်ရှိသူများနှင့် သာစည်မြို့နယ် ကြက်ခြေနီ စေတနာ့လုပ်အားရှင်များပူးပေါင်း၍ သာစည်မြို့နယ် ရပ်ကွက်၊ ကျေးရွာအုပ်စု ခြောက်အုပ်စုမှ ငလျင်ဘေးသင့် အိမ်ထောင်စု ၂၈၆ စုတို့အား အိမ်ထောင်စုတစ်စုလျှင် ငွေကျပ် ၄၀၀၀၀၀ နှုန်းဖြင့် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)


