ရန်ကုန် စက်တင်ဘာ ၂၄
ရန်ကုန်တိုင်းဒေသကြီး ပန်းဘဲတန်းမြို့နယ် အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်း၌ ရပ်ကွက်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ ရွေးကောက်ပွဲဆိုင်ရာ စွမ်းရည်မြှင့် သင်တန်းကို စက်တင်ဘာ ၂၃ ရက် နံနက်ပိုင်းက အဆိုပါကျောင်းရှိ ဧကရီခန်းမ၌ ကျင်းပသည်။
ဦးစွာ ပန်းဘဲတန်း မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီခေတ္တဥက္ကဋ္ဌ ဦးသိန်းလင်းအောင်က သင်တန်းဖွင့် အမှာစကားပြောကြားရာတွင် အီလက်ထရောနစ် မဲပေးစက်ဖြင့် ဆန္ဒမဲပေးရန် ပြင်ဆင်ခြင်း၊ အီလက်ထရောနစ် မဲပေးစက်များ ထုတ်ယူခြင်းနှင့် ထုတ်ပေးခြင်း၊ လုံခြုံရေးအတွက် တာဝန်ပေးအပ်ခြင်းတို့ကို ပြောကြားသည်။ ထို့နောက် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးစိုးမင်းက ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းလမ်းညွှန်နှင့် ပတ်သက်ပြီး ရှင်းလင်းပြောကြားသည်။
အဆိုပါသင်တန်းသို့ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ပညာရေးမှူးနှင့် တာဝန်ရှိသူများ၊ ဆရာ ဆရာမများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)


