ကန်ကြီးထောင့် စက်တင်ဘာ ၂၄
ဧရာဝတီ တိုင်းဒေသကြီး ကန်ကြီးထောင့်မြို့နယ်တွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းပြီး လူငယ်စကားဝိုင်းဆွေးနွေးပွဲကို စက်တင်ဘာ ၂၃ ရက်နံနက်ပိုင်းက မြင်းကဆိပ်တိုက်နယ်ရှိ အခြေခံပညာ အထက်တန်းကျောင်း (မြင်းကဆိပ်)၌ ကျင်းပသည်။
ဦးစွာ ကျေးရွာအုပ်ချုပ်ရေးမှူး ဦးအောင်သန်းက အမှာစကားပြောကြားပြီး ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ဇင်မာဦးက စကားဝိုင်းကျင်းပရခြင်း ရည်ရွယ်ချက်များကို ပြောကြားသည်။
ဆက်လက်၍ စကားဝိုင်း ဆွေးနွေးပွဲတွင် လက်ထောက်မူလတန်းပြ ဆရာမ ဒေါ်အေးချမ်းသူက ဦးဆောင်ဆွေးနွေးသူအဖြစ် ဆောင်ရွက်ပြီး အထက မြင်းကဆိပ်မှ ကျောင်းသား ကျောင်းသူများက ကျောင်းသားနှင့်ယဉ်ကျေးမှု၊ ကျောင်းသားနှင့် ရိုင်းပင်းကူညီစိတ်၊ ကျောင်းသားနှင့် စာပေလေ့လာမှုစသည့် အကြောင်းအရာများကို ဆွေးနွေးကြရာ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ဇင်မာဦးက လိုအပ်သည်များကို ဖြည့်စွက်ဆွေးနွေး ခဲ့ကြောင်း သိရသည်။
ကျော်ဇင်စိုး(ပြန်/ဆက်)


