ဗန်ကောက် စက်တင်ဘာ ၂၄
ထိုင်းနိုင်ငံ၏မြို့တော်ဗန်ကောက်ရှိ အဓိကလမ်းမကြီးတစ်ခု၌ ကြီးမားသည့် မြေကျွံကျမှု ဖြစ်ပွားခဲ့ကြောင်း အင်န်အိတ်ချ်ကေ သတင်းတစ်ရပ်၏ ဖော်ပြချက်အရ သိရသည်။ အဆိုပါဖြစ်ရပ်ကြောင့် ထိခိုက်ဒဏ်ရာရရှိမှုနှင့်ပတ်သက်ပြီး ဖော်ပြထားခြင်းမရှိပေ။
ဒေသန္တရရဲတပ်ဖွဲ့က အဆိုပါဖြစ်ရပ်မှာ စက်တင်ဘာ ၂၄ ရက် နံနက် ၇ နာရီဝန်းကျင်တွင်ဖြစ်ပွား ခဲ့ခြင်းဖြစ်ကြောင်း ပြောသည်။ မြေကျွံပေါက်သည် အကြမ်းဖျင်းအားဖြင့် ၃၀ စတုရန်းမီတာရှိပြီး အနက် မီတာ ၅၀ ခန့် ရှိကြောင်း၊ မြေကျွံကျမှုဖြစ်ပွားရာနေရာမှာ အစိုးရရုံးများ စုဝေးတည်ရှိရာ ဗန်ကောက်မြို့လယ်တစ်နေရာတွင်ဖြစ်ကြောင်း သိရသည်။
ယင်းဖြစ်ရပ်ကြောင့် အနီးဝန်းကျင်ရှိ ဒေသခံများကို ဘေးလွတ်ရာသို့ အလျင်အမြန် ပြောင်းရွှေ့ပေးခဲ့ရကြောင်း၊ မြေကျွံကျမှုဖြစ်ပွားသည့်နေရာသို့ ထိုင်းနိုင်ငံဝန်ကြီးချုပ် အနုတင် ချာရန် ဗီရာကူလ် လာရောက်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
အင်န်အိတ်ချ်ကေ


