နေပြည်တော် စက်တင်ဘာ ၂၄

စက်တင်ဘာ ၂၃ ရက် ညပိုင်းက မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ပုဗ္ဗသီရိမြို့နယ် တပင်ရွှေထီးရပ်ကွက် သစ်တောလမ်း လမ်းမပေါ်ရေကျော်၍ တင်ကျန်ခဲ့သည့် နုန်းမြေများ ဖယ်ရှားရှင်းလင်းနေမှုနှင့် သန့်ရှင်းရေး ဆောင်ရွက်နေမှုကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် နေပြည်တော်ကောင်စီဝင်များ၊ နေပြည်တော် စည်ပင်သာယာရေး ကော်မတီဝင်များ၊ တာဝန်ရှိသူများနှင့်အတူ သွားရောက်ကြည့်ရှု စစ်ဆေးပြီး လိုအပ်သည်များ မှာကြားသည်။

ထို့နောက် မိုးသည်းထန်စွာ ရွာသွန်းခဲ့မှုကြောင့် ပုဗ္ဗသီရိမြို့နယ် အမှတ်(၂၀) အခြေခံပညာ အထက်တန်းကျောင်း ကျောင်းဝင်းအတွင်း တင်ကျန်ခဲ့သည့် နုန်းမြေများ ဖယ်ရှားသန့်ရှင်းနေမှုကို လည်းကောင်း၊ နဝဒေးရပ်ကွက် ပုဗ္ဗသီရိမြို့ပတ်လမ်းမကြီး ရေကျော်နေမှုကိုလည်းကောင်း ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများအား ရေနုတ်မြောင်းများ ရေစီးရေလာ ကောင်းမွန်အောင် စနစ်တကျဆောင်ရွက်သွားရန်၊ အမှိုက်များ ပိတ်ဆို့မှုမရှိစေရေး ရှင်းလင်းဆောင်ရွက်သွားရန်နှင့် ရေစီးရေလာ ကောင်းမွန်စေရေးအတွက် လိုအပ်သည့် ရေထုတ်မြောင်းများ စနစ်တကျ ဖောက်လုပ်သွားရန် မှာကြားခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)