နိုင်ရိုဘီ စက်တင်ဘာ ၂၄
ကင်ညာနိုင်ငံ၌ လွန်ခဲ့သည့်နှစ်နှစ်အတွင်း လူနှင့်တောရိုင်းတိရစ္ဆာန်တို့ကြား ပဋိပက္ခပေါင်း ၂၆၆၄၁ ခုဖြစ်ပွားခဲ့ပြီး သေဆုံးသူ ၂၅၅ ဦး အထိရှိကြောင်း အဆင့်မြင့်အရာရှိတစ်ဦးက စက်တင်ဘာ ၂၃ ရက်တွင် ပြောသည်။
ကင်ညာနိုင်ငံမြို့တော် နိုင်ရိုဘီ၌ ကင်ညာတောရိုင်းတိရစ္ဆာန် ဝန်ဆောင်မှုအဖွဲ့အစည်းမှ ညွှန်ကြားရေးမှူးချုပ် အီရက်စ်တပ်စ်ကန်ဂါက ကြေညာချက်ထုတ်ပြန်ခဲ့သည်။ ယင်းကြေညာချက်တွင် ၂၀၂၃ ခုနှစ် ဇူလိုင်လမှ ၂၀၂၅ ခုနှစ် ဇွန်လအတွင်း လူနှင့်တောရိုင်းတိရစ္ဆာန်တို့ကြား ပဋိပက္ခဖြစ်ပွားမှုတို့ကို မှတ်တမ်းတင်ထားခြင်းဖြစ်ကြောင်း ပါဝင်သည်။
လူပေါင်း ၇၂၅ ဦး ဒဏ်ရာရရှိခဲ့ပြီး လယ်ယာမြေများတွင် တိရစ္ဆာန်များ ဝင်ရောက်ဖျက်ဆီးမှု ၉၃၀၀၊ မွေးမြူရေးတိရစ္ဆာန်များ ပျက်စီးဆုံးရှုံးမှု ၅၂၀၀၊ ပစ္စည်းဥစ္စာပျက်စီးဆုံးရှုံးမှု ၁၀၀၀ ကျော်နှင့် တိုက်ရိုက်ခြိမ်းခြောက်မှုပေါင်း ၁၀၀၀၀ နီးပါးရှိခဲ့သည်ဟု ၎င်းက ဆက်ပြောသည်။
ဆင်ဟွာ


