၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ၂၆ ရက်နေ့ မြန်မာစံတော်ချိန် ၁၆:၀၀ နာရီအချိန် ထုတ်ပြန်ချက်
ယနေ့မြန်မာစံတော်ချိန် ၁၅:၃၀ နာရီအချိန် တိုင်းထွာချက်များအရ ဖိလစ်ပိုင်ပင်လယ်ပြင်တွင် ဖြစ်ပေါ် နေသော အားကောင်းသောအပူပိုင်းမုန်တိုင်း “ဘူအလွိုင်” (BUALOI) သည် အနောက်- အနောက်မြောက် ဘက်သို့ရွေ့လျားနိုင်ပြီး ၂၇-၉-၂၀၂၅ ရက်နေ့တွင် တောင်တရုတ်ပင်လယ်ပြင်သို့ ရောက်ရှိနိုင်ကာ တိုင်ဖွန်းမုန်တိုင်းအဖြစ် အားကောင်းလာနိုင်သည်ဟု ခန့်မှန်းရပါသည်။ ထိုမှတစ်ဆင့် အနောက်-အနောက်မြောက်ဘက်သို့ ဆက်လက်ရွေ့လျားကာ ၂၈-၉-၂၀၂၅ ရက်နေ့ညပိုင်းတွင် ဗီယက်နမ်နိုင်ငံမြောက်ပိုင်းကမ်းခြေဒေသများကို ဖြတ်ကျော်နိုင်သည်ဟု ခန့်မှန်းရပါသည်။
Crd> မိုး/ဇလ


