ကုလသမဂ္ဂ စက်တင်ဘာ ၂၈
ကုလသမဂ္ဂလုံခြုံရေးကောင်စီက အီရန်နိုင်ငံ၏ နျူကလီးယားအစီအစဉ်များ ပြန်လည်ဆောင်ရွက်ခြင်းကြောင့် အီရန်နိုင်ငံအပေါ် အရေးယူပိတ်ဆို့မှုများ ပြန်လည်ချမှတ်ရန် ကြေညာခဲ့သည်။
ကုလလုံခြုံရေးကောင်စီက ချမှတ်ထားသော အရေးယူဆောင်ရွက်မှုများတွင် ယူရေနီယံသန့်စင်ခြင်းနှင့် ပြန်လည်လုပ်ဆောင်ခြင်းကို တားမြစ်ခြင်းအပြင် လက်နက်ရောင်းချခြင်းကိုလည်း တားမြစ်ထားကြောင်း သိရသည်။ တီဟီရန်က နိုင်ငံတကာအဏုမြူစွမ်းအင်အေဂျင်စီနှင့် ပူးပေါင်းဆောင်ရွက်မှုကို ဆိုင်းငံ့မည်ဟု တုံ့ပြန်ပြောကြားခဲ့သည်။
၂၀၁၈ ခုနှစ်တွင် အမေရိကန်၏ ပိတ်ဆို့အရေးယူမှုများကြောင့် နိုင်ငံခြားကုမ္ပဏီများက နိုင်ငံတွင်းမှ ထွက်ခွာခဲ့သည်။ သို့သော် အီရန်အစိုးရက ပိတ်ဆို့အရေးယူမှုများ ပြန်လည်ချမှတ်ခြင်းသည် နိုင်ငံ၏ စီးပွားရေးအပေါ် အနည်းငယ်သာ သက်ရောက်နိုင်ကြောင်း ပြောကြားခဲ့သည်။
အီရန်နိုင်ငံအနေဖြင့် နျူကလီးယားလက်နက် မရရှိစေရေးအတွက် ဆက်လက်တွန်းအားပေးမည်ဖြစ်ကြောင်း ဗြိတိန်၊ ပြင်သစ်နှင့် ဂျာမနီ သုံးနိုင်ငံက အလေးပေးပြောကြားခဲ့သည်။
ဗြိတိန်၊ ပြင်သစ်နှင့် ဂျာမနီတို့က အီရန်အနေဖြင့် သဘောတူညီချက်ကို ချိုးဖောက်ကာ နျူကလီးယား ဖွံ့ဖြိုးတိုးတက်မှုကို ဆက်လက်လုပ်ဆောင်နေသည့်အတွက် ပိတ်ဆို့အရေးယူမှုများကို ဩဂုတ် ၂၈ ရက်တွင် ပြန်လည်စတင်ခဲ့ကြောင်း သိရသည်။
ကုလသမဂ္ဂ၏ အီရန်အပေါ် ပိတ်ဆို့အရေးယူမှုကို အမေရိကန်အစိုးရကလည်း ကြိုဆိုကြောင်း ပြောကြားသည်။ ဗြိတိန်၊ ပြင်သစ်နှင့် ဂျာမနီတို့ကလည်း ကုလသမဂ္ဂ၏ ပြတ်သားသော ကမ္ဘာလုံးဆိုင်ရာ ခေါင်းဆောင်မှုဟုခေါ်သည့် လုပ်ရပ်အတွက် ချီးကျူးဂုဏ်ပြုပါကြောင်း ပြောကြားသည်။
ဆိုင်းငံ့ထားသည့် နျူကလီးယားဆွေးနွေးပွဲကို ပြန်လည်စတင်ရန် အမေရိကန်က အီရန်ကို တောင်းဆိုခဲ့သည်။
ကိုးကား - အင်န်အိတ်ချ်ကေ
ဘာသာပြန် - အောင်ကျော်ကျော်


