တောင်ငူ စက်တင်ဘာ ၂၈

 

ပဲခူးတိုင်းဒေသကြီး တောင်ငူမြို့ ကေတုမတီဘိုးဘွားရိပ်သာရှိ ဘိုးဘွားများ ကျန်းမာသက်ရှည်၍ လိုအပ်သည့်ကျန်းမာရေး ကြည့်ရှုစောင့်ရှောက်နိုင်စေရန် ရည်ရွယ်ကာ အလှူရှင် ဦးမောင်ငွေ+ ဒေါ်ငြိမ်းရွှေမိသားစုက ဆေးပဒေသာပင် ငွေကျပ်သိန်း ၅၀ ကိုယမန်နေ့က လာရောက်လှူဒါန်းသည်။

 

ဦးစွာ အခမ်းအနားကို နမောတဿ သုံးကြိမ်ဘုရား ကန်တော့၍ဖွင့်လှစ်ပြီး ကေတုမတီ ဘိုးဘွားရိပ်သာ နာယက ဦးမြင့်ညို၊ ကေတုမတီဘိုးဘွား ရိပ်သာကော်မတီဒုတိယဥက္ကဋ္ဌ ဦးဌေးလင်း၊ အတွင်းရေးမှူး ဦးယဉ်ဌေးနှင့် ကော်မတီဝင်များက လှူဒါန်းမှုအတွက် ဆုတောင်းမေတ္တာပို့သပြီး ကျေးဇူးတင်စကား ပြောကြားသည်။

 

ထို့နောက် အလှူရှင်မိသားစုက ဆေးပဒေသာပင် အလှူငွေ လှူဒါန်းရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားကာ အဘိုးတစ်ဦးက ပြန်လည်ကျေးဇူးတင် စကားပြောကြားပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)