ဗန်ကောက် စက်တင်ဘာ ၂၈

ထိုင်းနိုင်ငံသို့ တရုတ်ခရီးသွားများလာရောက် ရေးအတွက် ဆွဲဆောင်နိုင်ရန် Nihao Month campaign ဟုအမည်ရသည့် လှုပ်ရှားမှုတစ်ရပ်ကို ထိုင်းခရီးသွား လုပ်ငန်းအာဏာပိုင်အဖွဲ့က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ယခုဆောင်ရွက်ချက်သည် တရုတ်နိုင်ငံသား များ၏ ရိုးရာယဉ်ကျေးမှုကို ထိုင်းနိုင်ငံသားများ၏ လူနေမှုဘဝပုံစံနှင့် ထိုင်းနိုင်ငံ၏ အလှတရားများနှင့် ပေါင်းစည်းပေးခြင်းဖြစ်ကာ ခရီးသွားလုပ်ငန်းကို ဒစ်ဂျစ်တယ်စနစ်၊ ယဉ်ကျေးမှုနှင့် ဈေးရောင်းပွဲများဖြင့် မြှင့်တင်ဆောင်ရွက်မည်ဖြစ်ကြောင်း ထိုင်းခရီးသွားလုပ်ငန်းအာဏာပိုင်အဖွဲ့က ပြောကြားသည်။

ယခုဆောင်ရွက်ချက်သည် တရုတ်နိုင်ငံနှင့် ထိုင်းနိုင်ငံအကြား ချစ်ကြည်ရင်းနှီးမှုကို  ခိုင်မာစေကာ ဆယ်စုနှစ်ငါးခုကြာ တည်ရှိခဲ့သည့် သံတမန်ဆက်ဆံရေးကို ယဉ်ကျေးမှုနှင့် ခရီးသွားလုပ်ငန်းများဖြင့် မြှင့်တင်ဆောင်ရွက်ခြင်းဖြစ်ကြောင်း ထိုင်းခရီးသွား လုပ်ငန်းအာဏာပိုင်အဖွဲ့ တာဝန်ရှိသူ သာပါနီးကီယာ ဖိုင်ဗူးက ပြောကြားသည်။ 

ထို့ပြင်  နိုင်ငံအတွင်း ခရီးသွားလာရာတွင် လုံခြုံစိတ်ချရမှုရှိကြောင်းနှင့် ခရီးသွားလုပ်ငန်းဝန်ဆောင်မှုများမြှင့်တင်ထားကြောင်း အာမခံသည့် အစီအစဉ်အရ ထိုင်းနိုင်ငံအပေါ်တွင် ခရီးသွားများ၏ ယုံကြည်စိတ်ချမှု များပြားလာကြောင်း ကီယာဖိုင်က ပြောကြားသည်။

ကိုးကား-ဆင်ဟွာ၊ ဘာသာပြန်-စိုးသူရ