ရန်ကုန် စက်တင်ဘာ ၂၈
ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းမြို့နယ် သွပ်ဝိုင်းကြီးရောင်းဝယ်ရေး သမဝါယမ အသင်းလီမိတက်၏ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာ အစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းက သွပ်ဝိုင်းကြီးရပ်ကွက် ဓမ္မရက္ခိတဓမ္မာရုံ၌ ကျင်းပသည်။
ဦးစွာ အသင်းဥက္ကဋ္ဌ ဦးထွန်းလွင်က သဘာပတိအဖြစ်ဆောင်ရွက်၍ မြို့နယ် သမဝါယမဦးစီးဌာနမှ ဦးစီးအရာရှိ ဦးအောင်စိုး က အသင်းဥပဒေ၊ နည်းဥပဒေနှင့် သမဝါယမ ဖွံ့ဖြိုးတိုးတက်စေရန် လုပ်ဆောင်ရမည့် အချက်များကို ရှင်းလင်းပြောကြားသည်။ ထို့နောက် ဒါရိုက်တာအဖွဲ့အစီရင်ခံစာ၊ အသင်း စာရင်းစစ် အစီရင်ခံစာနှင့် နှစ်ချုပ်ဘဏ္ဍာရေး ရှင်းတမ်းများကို ရှင်းလင်း၍ အသင်းသားများက သဘောတူ အတည်ပြုခဲ့ကြပြီး အသင်းသားများသို့ အစုပေါ်အမြတ်ငွေနှင့် တက္ကသိုလ်ဝင် စာမေးပွဲတွင် ထူးချွန်အောင်မြင်သော အသင်းသားများ၏ သားသမီးများအား တာဝန်ရှိသူများက ဂုဏ်ပြု ချီးမြှင့်ခဲ့ကြောင်း သိရသည်။
သင်္ဃန်းကျွန်း(ပြန်/ဆက်)


