သာယာဝတီ စက်တင်ဘာ ၂၈

ပဲခူးတိုင်းဒေသကြီး သာယာဝတီမြို့နယ်၌ ဒေသခံမဲဆန္ဒရှင်ပြည်သူများ ပူးပေါင်းပါဝင်မှုဖြင့် မြန်မာအီလက်ထရောနစ် မဲပေးစက်(MEVM)ဆိုင်ရာ အသိပညာပေး ဆွေးနွေးပွဲနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်း သရုပ်ပြပွဲအခမ်းအနားကို ယမန်နေ့က အောင်မြင်သော အထည်ချုပ်စက်ရုံ (Heri Garment Co.,Ltd.)၌ ကျင်းပသည်။

အခမ်းအနားတွင် သာယာဝတီမြို့နယ် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဆန်းဟိုက အမှာစကား ပြောကြားပြီး မြို့နယ် လုံခြုံရေးဆိုင်ရာ ကြီးကြပ်မှု ဗဟိုကော်မတီအတွင်းရေးမှူး မြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးရဲစိုးက လုံခြုံရေးဆိုင်ရာ ကိစ္စရပ်များကို ရှင်းလင်း ပြောကြားသည်။

ထို့နောက် မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးကိုဝင်းက မြန်မာအီလက်ထရောနစ် မဲပေးစက်ဆိုင်ရာ သိမှတ်ဖွယ်ရာ အကြောင်းများနှင့် အသုံးပြုပုံ/ အသုံးပြုနည်းများအကြောင်းကို ရှင်းလင်းဆွေးနွေးကာ မြန်မာအီလက်ထရောနစ် မဲပေးစက်ဖြင့် တစ်ဦးချင်း လက်တွေ့ စမ်းသပ်မဲ ပေးခဲ့ကြကြောင်း သိရသည်။  

ခရိုင်(ပြန်/ဆက်)