နေပြည်တော် စက်တင်ဘာ ၂၈
၂၀၂၄-၂၀၂၅ ပညာသင်နှစ် တက္ကသိုလ်ဝင် စာမေးပွဲတွင် အောင်မြင်ခဲ့သည့် လေကြောင်းရန် ကာကွယ်ရေးတပ်ဖွဲ့၊ အမြောက်တပ်ဖွဲ့နှင့် ဒုံးတပ်ဖွဲ့တို့၌ တာဝန်ထမ်းဆောင်လျက်ရှိကြသော တပ်ဖွဲ့ဝင်တို့၏ သားသမီးများ၊ စစ်သည်များ၊ အငြိမ်းစားတပ်ဖွဲ့ဝင်တို့၏ သားသမီးများ စုစုပေါင်း ၁၇၃ ဦးတို့အား Artillery Gunner Foundation မှ ရန်ကုန်၊ မိတ္ထီလာ၊ အောင်ပန်းတို့ရှိ နယ်မြေခံတပ်များ၌ စက်တင်ဘာ ၂၈ ရက်တွင် သုံးနေရာခွဲ၍ ပညာရည်ချွန်ဆုပေးအပ်သည့် အခမ်းအနားများ ကျင်းပခဲ့သည်။
အခမ်းအနားများသို့ ဖောင်ဒေးရှင်းအမှုဆောင်များ၊ တပ်မတော်အရာရှိကြီးများ၊ ဆုရရှိသူများ၏ မိဘများတက်ရောက်ခဲ့ကြသည်။ ပညာရည်ချွန်ဆုများကို ဖောင်ဒေးရှင်းနာယက၊ ဥက္ကဋ္ဌ၊ အမှုဆောင်များနှင့် တပ်မတော်အရာရှိကြီးများက ချီးမြှင့်ပေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်


