မန်စီးတီးအသင်းနဲ့ ဘန်လေအသင်းတို့ စက်တင်ဘာ ၂၇ ရက် ညပိုင်းက ယှဉ်ပြိုင်ကစားခဲ့တဲ့ ပရီမီယာလိဂ်ပွဲစဉ်မှာ မန်စီးတီးအသင်းက ဘန်လေအသင်းကို ငါးဂိုး-တစ်ဂိုးနဲ့ အနိုင်ရရှိခဲ့ပါတယ်။
အဲဒီပွဲစဉ်မှာ မန်စီးတီးအသင်းအတွက် သွင်းဂိုးတွေကို ဘန်လေကစားသမား အက်စတီဗီက ကိုယ့်ဂိုးကို ပြန်သွင်းမိသလိုဖြစ်ခဲ့တဲ့ သွင်းဂိုး နှစ်ဂိုး၊ မက်သီယပ်နျူနက်ရဲ့ သွင်းဂိုး တစ်ဂိုး၊ တိုက်စစ်မှူး ဟာလန်းရဲ့ သာမန်ပွဲကစားချိန် မိနစ် ၉၀ နဲ့ နာကျင်အချိန်ပို သုံးမိနစ် တို့မှာ နှစ်ဂိုး အသီးသီးသွင်းယူပေးခဲ့တာ ဖြစ်ပါတယ်။
မန်စီးတီးအသင်းဟာ ဘန်လေအသင်းကို အနိုင်ရရှိခဲ့တာကြောင့် ပရီမီယာလိဂ်ပွဲစဉ် ခြောက်ပွဲ ယှဉ်ပြိုင်ကစားပြီးမှာ သုံးပွဲနိုင်၊ တစ်ပွဲသရေ၊ နှစ်ပွဲရှုံးရမှတ် ၁၀ မှတ်နဲ့ အမှတ်ပေးဇယား အဆင့်(၅) နေရာမှာ ရပ်တည်နိုင်ခဲ့တာဖြစ်ပါတယ်။
ဘန်လေအသင်းကတော့ ပရီမီယာလိဂ်ပွဲစဉ် ခြောက်ပွဲယှဉ်ပြိုင်ကစားပြီးချိန်မှာ ရမှတ်လေးမှတ်နဲ့ အမှတ်ပေးဇယားအဆင့်(၁၇)နေရာမှာ ရပ်တည်နေတာ ဖြစ်ပါတယ်။
ငွေကြယ် - ရေးသားသည်


