ပေကျင်း စက်တင်ဘာ ၂၈
တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ကွေကျို့ပြည်နယ်၌ စက်တင်ဘာ ၂၈ ရက် နံနက်ပိုင်းက ကမ္ဘာ့ အမြင့်ဆုံးတံတားကို ဖွင့်လှစ်လိုက်ပြီဖြစ်ကြောင်း ဆင်ဟွာသတင်းတွင် ဖော်ပြသည်။ အဆိုပါ ကမ္ဘာ့အမြင့်ဆုံးတံတားကို သုံးနှစ်ကြာ တည်ဆောက်ပြီးနောက် နက်ရှိုင်းသော ချောက်ကြီးကို ဖြတ်သန်းသည့် ခရီးသွားကြာချိန်ကို နှစ်နာရီကနေ နှစ်မိနစ်အထိ သိသိသာသာလျှော့ချပေးသွားတော့မည်ဖြစ်သည်။
ဟွာကျန်းဂရန်း ကန်ယွန်တံတားဟုဆိုသည့် အဆိုပါတံတားသည် ကွေကျို့ပြည်နယ် တောင်ထူထပ်သော ဒေသတွင်ရှိသည့် Beipan မြစ်ပေါ်တွင် တည်ဆောက်ထားခြင်းဖြစ်ပြီး မြစ်ရေမျက်နှာပြင် အထက် ၆၂၅ မီတာအမြင့်တွင် ခံ့ညားထည်ဝါစွာ တည်ရှိနေသည့် တံတားတစ်စင်းဖြစ်သည်။ ထို့ပြင် အဆိုပါတံတားသည် ဆန်ဖရန်စစ္စကိုမြို့မှ Golden Gate Bridge ထက် ကိုးဆနီးပါး ပိုမြင့်ကြောင်း သိရသည်။
တရုတ်နိုင်ငံ၏ ဖွံ့ဖြိုးမှုအနည်းဆုံး ပြည်နယ်များထဲမှ တစ်ခုဖြစ်သော ကွေကျို့ပြည်နယ်သည် လွန်ခဲ့သောနှစ်များအတွင်း ကမ္ဘာ့အမြင့်ဆုံး တံတားသုံးစင်းအပါအဝင် တံတား ၃၀၀၀၀ ကျော် တည်ဆောက်ခဲ့ကြောင်း သိရသည်။ ယခုအခါ အဆိုပါပြည်နယ်သည် ကမ္ဘာပေါ်တွင် ကမ္ဘာ့အမြင့်ဆုံးတံတားအစင်း ၁၀၀ ထဲမှ ထက်ဝက်နီးပါး ပိုင်ဆိုင်သည့် ပြည်နယ်ဖြစ်လာပြီဖြစ်သည်။
ဆင်ဟွာ


