တိုကျို  စက်တင်ဘာ  ၂၈

၂၀၂၅  ခုနှစ်   အိုဆာကာမြို့၌  ကျင်းပသည့်  ကမ္ဘာ့ကုန်စည်ပြပွဲသို့  လာရောက်သည့် ဧည့်သည်အရေအတွက်မှာ     ပြပွဲပြီးဆုံးရန် ၁၅    ရက်သာကြာတော့သည့်အချိန်တွင်  ကုန်ကျငွေပြန်လည် ရရှိသည်ထက်  ပို၍ကျော်လွန်သွားပြီဟု ပွဲစီစဉ်သူက ပြောသည်။

လက်မှတ်ဝယ်ယူသူဦးရေသည် စက်တင်ဘာ ၂၇ ရက်တွင် ၂၂  သန်း ကျော်သွားပြီဖြစ်ကြောင်း ကနဦးအချက်အလက်များအရ သိရသည်။  အဆိုပါအရေအတွက်သည် ပြပွဲတွင် အရှုံးဖြစ်စေနိုင်သည့် ကိန်းဂဏန်းကို ကျော်လွန်သွားပြီဖြစ်ကြောင်း သိရသည်။

ဂျပန်နိုင်ငံအနောက်ပိုင်း   အိုဆာကာမြို့တွင် ဧပြီလမှစတင်ကာ အဆိုပါပြပွဲကို  ကျင်းပခဲ့ခြင်းဖြစ်ပြီး  အောက်တိုဘာ ၁၃ ရက်အထိ ကျင်းပသွားမည်ဖြစ်သည်။

ယင်းပြပွဲသို့  ဒေသနှင့်နိုင်ငံပေါင်း ၁၅၈ ခုမှ  ပါဝင်ဆင်နွှဲခဲ့ကြသည်။   နှစ်ပတ်အတွင်း တစ်ရက်လျှင်  လာရောက်လည်ပတ်သူ ဦးရေ ၂၀၀၀၀၀ ကျော်ရှိခဲ့သည်။

ယခုနှုန်းထားအတိုင်းသာ ဆက်သွားပါက စုစုပေါင်းလာရောက်သူ  ဧည့်သည်ဦးရေမှာ ၂၅ သန်းဝန်းကျင်ရှိမည်ဖြစ်ပြီး  အိုက်ချီမြို့၌ ၂၀၀၅ ခုနှစ်က ပြုလုပ်ခဲ့သည့်ပွဲထက် ဧည့်သည်ဦးရေ ကျော်လွန်သွားမည်ဖြစ်သည်။

အင်န်အိတ်ချ်ကေ