စက်တင်ဘာ ၂၉
မွန်ဂိုလီးယားနိုင်ငံသို့ ၂၀၂၅ ခုနှစ် ပထမ ကိုးလအတွင်း နိုင်ငံခြားခရီးသွားဦးရေစုစုပေါင်း ၆၇၈၈၅၀ လာရောက်လည်ပတ်ခဲ့ကြောင်း မွန်ဂိုလီးယားခရီးသွားလုပ်ငန်းအဖွဲ့မှ စက်တင်ဘာ ၂၇ ရက်နေ့က ထုတ်ပြန်သော တရားဝင်အချက်အလက်များအရ သိရသည်။
အဆိုပါကာလအတွင်း မွန်ဂိုလီးယားသို့ တရုတ်နိုင်ငံမှခရီးသွားများ အများဆုံးလာရောက်လည်ပတ်ပြီး ၎င်းပြီးလျှင် ရုရှားနှင့် တောင်ကိုရီးယားနိုင်ငံတို့မှ ခရီးသွားများဖြစ်ကြောင်း ဖော်ပြထားသည်။
မွန်ဂိုလီးယား အစိုးရသည် နိုင်ငံအတွင်း လေးရာသီခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်လာစေရန် ၂၀၂၈ ခုနှစ်အထိ မွန်ဂိုလီးယား ခရီးသွားလုပ်ငန်း အစီအစဉ်ကို ဆက်လက် လုပ်ဆောင်ရန် ဆုံးဖြတ်ခဲ့ကြောင်း ယဉ်ကျေးမှု၊ အားကစား၊ ခရီးသွားလာရေးနှင့် လူငယ်ရေးရာဝန်ကြီးဌာန၏ ပြောကြားချက်အရ သိရသည်။
၂၀၂၄ ခုနှစ်က နိုင်ငံခြားခရီးသွားစုစုပေါင်း ၇၂၇၄၀၀ ကို ဆွဲဆောင်ခဲ့ပြီး ခရီးသွားလုပ်ငန်းကဏ္ဍမှ အမေရိကန်ဒေါ်လာ ၁ ဒသမ ၆ ဘီလီယံ ရရှိခဲ့သည်ဟု သိရသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို


