ပေကျင်း  စက်တင်ဘာ  ၂၈

တရုတ်အစိုးရက ပါကစ္စတန်နိုင်ငံသို့ ပေးပို့သည့် အရေးပေါ်ရေဘေးကယ်ဆယ်ရေး ထောက်ပံ့ရေးပစ္စည်းများကို တရုတ်နိုင်ငံအလယ်ပိုင်း ကျန်းကျို့ပြည်နယ်မှနေ၍ စက်တင်ဘာ ၂၈ ရက်တွင် စတင်ပို့ဆောင်ခဲ့သည်ဟု တရုတ်နိုင်ငံလေတပ်၏ ပြောကြားချက်အရ သိရသည်။

Y-20 သယ်ယူပို့ဆောင်ရေးလေယာဉ်နှစ်စင်းဖြင့် ထောက်ပံ့ရေးပစ္စည်းများကို ပါကစ္စတန်နိုင်ငံ မြို့တော်အစ္စလာမ္မာဘတ်သို့ ပေးပို့ခဲ့ခြင်းဖြစ်ပြီး ထောက်ပံ့ရေးပစ္စည်းများထဲတွင် ရွက်ဖျင်တဲများ၊ စောင်များ ပါဝင်သည်။ ပါကစ္စတန်နိုင်ငံသည်   ဇွန်လမှစတင်ကာ   ပြင်းထန်သောရေကြီးမှုဒဏ်ကို  ခံစားခဲ့ရပြီး လူအများအပြားသေဆုံးကာ ပစ္စည်းဥစ္စာဆုံးရှုံးမှုများရှိခဲ့သည်။ ယင်းသို့သော အခြေအနေ ကို တုံ့ပြန်သည့်အနေဖြင့်   တရုတ်နိုင်ငံက   ပါကစ္စတန်နိုင်ငံအား   အရေးပေါ်ကူညီထောက်ပံ့ရေး အတွက် အမေရိကန်ဒေါ်လာနှစ်သန်းခန့် ကူညီခဲ့ခြင်းဖြစ်သည်။

ပါကစ္စတန်နိုင်ငံ၏   ရေကြီးမှုနောက်ပိုင်းကာလ  ပြန်လည်ထူထောင်ရေးလုပ်ငန်းများအတွက် နောက်ထပ်ကူညီရန် အမေရိကန်ဒေါ်လာ ၁၄ သန်းခန့်တန်ဖိုးရှိသော အရေးပေါ်ရေကြီးမှု ထောက်ပံ့ရေးပစ္စည်းများ ထပ်မံပေးအပ်ရန်လည်း  တရုတ်အစိုးရက ဆုံးဖြတ်ခဲ့သည်။    ကျန်ရှိနေသေးသည့် ပစ္စည်းများကို    ယခုအချိန်တွင် အရေးပေါ်ပြင်ဆင်နေပြီး လာမည့်ရက်အနည်းငယ်အတွင်း ပို့ဆောင်ပေးသွားမည်ဟု သိရသည်။                                           

ဆင်ဟွာ