ဗြိတိန်တင်းနစ်မယ်များဖြစ်သည့် အမ်မာရာဒူကာနူနှင့် ဆွန်နေကာတဲလ်တို့သည် ပေကျင်းမြို့၌ ကျင်းပသည့် တရုတ်အိုးပင်းပြိုင်ပွဲတွင် ပြိုင်ဘက်များကိုအနိုင်ယူပြီး ၃၂ ဦးအဆင့်သို့ တက်လှမ်းနိုင်ခဲ့ကြောင်း သိရသည်။
ဗြိတိန်နံပါတ်တစ်တင်းနစ်မယ် ရာဒူကာနူသည် တရုတ်အိုးပင်း ၆၄ ဦးအဆင့်တွင် စပိန်တင်းနစ်မယ် ခရစ္စတီးနား ဘူရှာနှင့် တွေ့ဆုံခဲ့ပြီး ၆-၃၊ ၆-၃ ရလဒ်ဖြင့် နိုင်ပွဲရရှိကာ ၃၂ ဦး အဆင့်သို့ တက်လှမ်းနိုင်ခဲ့ခြင်းဖြစ်သည်။
ဆွန်နေကာတဲလ်က ၆၄ ဦးအဆင့်တွင် ဩစတြေးလျတင်းနစ်မယ် ဒါရီယာကာဆတ်ကီနာနှင့် တွေ့ဆုံခဲ့ပြီး ၆-၃၊ ၆-၀ ရလဒ်ဖြင့် နိုင်ပွဲရရှိကာ ၃၂ ဦးအဆင့်သို့ တက်လှမ်းနိုင်ခဲ့ခြင်းဖြစ်သည်။
ရာဒူကာနူသည် တရုတ်အိုးပင်း ၃၂ ဦးအဆင့်တွင် အမေရိကန်တင်းနစ်မယ် ဂျက်ဆီကာ ပဲဂူလာနှင့် ယှဉ်ပြိုင်ကစားသွားရမည်ဖြစ်သည်။ ကာတဲလ်က ၃၂ ဦးအဆင့်တွင် ဩစတြေးလျတင်းနစ်မယ် မေယာဂျွိုင့်နှင့် ယှဉ်ပြိုင်ကစားသွားရမည် ဖြစ်သည်။
ရာဒူကာနူသည် ယခုပြိုင်ပွဲမတိုင်မီ နောက်ဆုံးယှဉ်ပြိုင်ကစားခဲ့သည့် ကိုရီးယားအိုးပင်းပြိုင်ပွဲတွင် ၁၆ ဦး အဆင့်သို့ တက်လှမ်းနိုင်ခဲ့သည်။
မိုးဇက် - စုစည်းရေးသားသည်


