အာဆင်နယ်အသင်းဟာ စက်တင်ဘာ ၂၈ ရက် ညပိုင်းက နယူးကာဆယ်အသင်းနဲ့ ယှဉ်ပြိုင်ကစားခဲ့တဲ့ ပရီမီယာလိဂ်ပွဲစဉ်(၆)မှာ နှစ်ဂိုး-တစ်ဂိုးနဲ့ အနိုင်ရရှိခဲ့တာကြောင့် အမှတ်ပေးဇယားအဆင့် (၂)နေရာမှာ ရပ်တည်နိုင်ခဲ့ပါတယ်။
နယူးကာဆယ်အသင်းနဲ့ အာဆင်နယ်အသင်းတို့ပွဲစဉ်မှာ နယူးကာဆယ်အသင်းက ပထမပိုင်း ပွဲကစားချိန် ၃၄ မိနစ်မှာ ဝိုလ်တီမာဒီရဲ့ သွင်းဂိုးနဲ့ ဦးဆောင်နိုင်ခဲ့ပေမယ့် အာဆင်နယ်အသင်းက ဒုတိယပိုင်း ပွဲကစားချိန် ၈၄ မိနစ်မှာ မာရီနိုရဲ့ သွင်းဂိုး တစ်ဂိုး၊ သာမန်ပွဲကစားချိန်အပြီး နာကျင်အချိန်ပို ခြောက်မိနစ်မှာ ဂါဘရီယယ်ရဲ့ သွင်းဂိုးတို့ ရရှိခဲ့တာကြောင့် အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။
အာဆင်နယ်အသင်းဟာ နယူးကာဆယ်အသင်းကို အနိုင်ရရှိခဲ့တာကြောင့် ပရီမီယာလိဂ်ပွဲစဉ် ခြောက်ပွဲယှဉ်ပြိုင်ကစားပြီးချိန်မှာ ရမှတ် ၁၃ မှတ်ဖြင့် အမှတ်ပေးဇယား အဆင့်(၂)နေရာမှာ ရပ်တည်နိုင်ခဲ့တာဖြစ်ပါတယ်။
နယူးကာဆယ်အသင်းကတော့ အာဆင်နယ်အသင်းကို ရှုံးနိမ့်ခဲ့တာကြောင့် ပရီမီယာလိဂ်ပွဲစဉ် ခြောက်ပွဲယှဉ်ပြိုင်ကစားပြီးချိန်မှာ ရမှတ် ၆ မှတ်ဖြင့် အမှတ်ပေးဇယားအဆင့်(၁၅)နေရာမှာ ရပ်တည်နေတာဖြစ်ပါတယ်။
ငွေကြယ်


