စက်တင်ဘာ ၃၀
အာဖဂန်နစ္စတန်သို့ ယခုနှစ်ပထမခြောက်လအတွင်း နိုင်ငံခြားခရီးသွား ၁၄၈၀၀ ကျော် လာရောက်လည်ပတ်ခဲ့ကြောင်း အာဖဂန်အစိုးရပိုင် ရေဒီယိုနှင့် ရုပ်မြင်သံကြားက ယမန်နေ့က ဖော်ပြထားသည်။
နိုင်ငံခြားသား စုစုပေါင်း ၁၄၈၂၉ ဦး သည် လေဆိပ်နှင့် ကုန်းလမ်းများမှတစ်ဆင့် လာရောက်ကြကြောင်း နိုင်ငံ၏အမျိုးသားစာရင်းအင်းနှင့် သတင်းအချက်အလက်အာဏာပိုင်အဖွဲ့၏ပြောကြားချက်ကို ကိုးကား၍ နိုင်ငံပိုင်မီဒီယာက ဖော်ပြထားသည်။
အဆိုပါခရီးသွားများအနက် ခရီးသွား ၁၃၁၅ ဦးသည် သမိုင်းဝင်နေရာများနှင့် အထိမ်းအမှတ်နေရာများသို့ လာရောက်လည်ပတ်ကြပြီး ကျန်ခရီးသွားများသည် အလုပ်အကိုင်နှင့် ပညာရေးအတွက် နိုင်ငံတွင်းသို့ ဝင်ရောက်ကြသူများဖြစ်သည်ဟု သိရသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို


