၃၀ စက်တင်ဘာ
မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်၏ ပြောကြားချက်အရ ယခုဘဏ္ဍာနှစ်အစ ဧပြီ ၁ ရက်မှ စတင်၍ ငါးလအတွင်း မြန်မာနိုင်ငံမှ ဆန်နှင့်ဆန်ကွဲ တန်ချိန် ၄၉၈,၉၂၆ ကို တရုတ်နိုင်ငံသို့ တင်ပို့နိုင်ခဲ့ပြီး မြန်မာနိုင်ငံ၏ အကြီးမားဆုံး ဝယ်ယူသူဖြစ်ခဲ့သည်။
အင်ဒိုနီးရှားနိုင်ငံသည် တန်ချိန် ၁၂၀,၁၆၁ ဖြင့် ဒုတိယဝယ်ယူမှုအများဆုံးနိုင်ငံဖြစ်ပြီး တန်ချိန် ၁၀၅,၇၃၂ ဖြင့် ဖိလစ်ပိုင်နိုင်ငံသည် တတိယနေရာ၌ ရပ်တည်လျက်ရှိသည်။ ထို့ပြင် ဘယ်လ်ဂျီယံသို့ ၈၉,၂၆၅ တန်၊ စပိန် သို့ ၃၅,၅၉၄ တန်၊ မာဒါဂါစကာသို့ ၂၀,၇၈၄ တန်၊ ပိုလန်သို့ ၂၀,၅၄၈ တန်၊ ဆီနီဂေါသို့ တန်ချိန် ၂၀,၅၀၀၊ ယူကေ သို့ တန်ချိန် ၁၆,၁၀၀၊ ဘူဂေးရီးယားသို့ ၁၂,၀၈၅ တန်၊ နယ်သာလန်သို့ တန်ချိန် ၁၀,၉၀၀ နှင့် အီတလီသို့ တန်ချိန် ၉၀၀ တင်ပို့နိုင်ခဲ့သည်။
ယခုဘဏ္ဍာနှစ်တွင် ဆန်နှင့်ဆန်ကွဲတင်ပို့မှုသည် တန်ချိန် တစ်သန်းကျော်ရှိပြီး အမေရိကန်ဒေါ်လာ ၃၅၅ သန်းရရှိကြောင်း မြန်မာ့ဆန်စပါးအသင်းချုပ်က ဖော်ပြထားသည်။
MDN


