ပုသိမ် စက်တင်ဘာ ၃၀
ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့နယ်အတွင်း၌ စိုက်ပျိုးမည့် မြေနိမ့်ကော်ဖီ (ရိုဘတ်စတာ) ပျိုးပင်များအား တောင်သူများထံပေးအပ်ပွဲကို ယနေ့နံနက်ပိုင်းက ပြုလုပ်သည်။
တောင်သူများထံ ပေးအပ်
ပုသိမ်ခရိုင် စိုက်ပျိုးရေးဦးစီးမှူး ဦးနိုင်မော်လွင်၊ ပုသိမ်မြို့နယ် စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေး ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးအောင်ကျော်ဦးနှင့် အဖွဲ့ဝင်များက ကျေးရွာအုပ်စု ကိုးအုပ်စုရှိ တောင်သူ ၄၅ ဦး စိုက်ပျိုးမည့် ၂၄ ဧကအတွက် တစ်ဧကလျှင် ပျိုးပင် ၄၃၅ ပင်နှုန်းဖြင့် ပျိုးပင်ပေါင်း ၁၀၄၄၀ ကို စိုက်ပျိုးမည့် ကျေးရွာအုပ်စုများရှိ တောင်သူများထံ ပေးအပ်ခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)


