ညောင်ရွှေ စက်တင်ဘာ ၃၀
၂၀၂၅ ခုနှစ် အထွေထွေရွေးကောက်ပွဲအတွက် မဲဆန္ဒရှင်စာရင်းများကို စက်တင်ဘာ ၃၀ ရက် နံနက် ၇ နာရီမှစတင်၍ ညောင်ရွှေမြို့နယ်အတွင်းရှိ ရပ်ကွက်နှင့် ကျေးရွာအသီးသီးတို့တွင် ကပ်ထားကြေညာထားလျက်ရှိသည်။
ကြီးကြပ်ဆောင်ရွက်
အဆိုပါ မဲဆန္ဒရှင်စာရင်းများ ကြေညာခြင်းကို မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်များ၊ ရပ်ကွက်နှင့် ကျေးရွာအုပ်စုကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်များက ကြီးကြပ်ဆောင်ရွက်ပေးသည်။
ညောင်ရွှေမြို့နယ်အတွင်း ရပ်ကွက် ၁၂ ရပ်ကွက်၊ ကျေးရွာအုပ်စု ၃၄ အုပ်စု၌ စက်တင်ဘာ ၃၀ ရက်မှ အောက်တိုဘာ ၁၃ ရက်အထိ ၁၄ ရက်ကြာ ပထမအကြိမ် ကပ်ထားကြေညာသည့် မဲဆန္ဒရှင် စာရင်းတွင် မဲဆန္ဒရှင်ဦးရေ ၁၃၉၁၇၅ ဦ၊ တိုင်းရင်းသားမဲဆန္ဒရှင် ဦးရေ ၉၄၈၂၇ ဦးရှိပြီး လျာထား မဲရုံအရေအတွက် ၁၃၃ ရုံ ရှိကြောင်း သိရသည်။
စိုင်းအယ်ဘဲ


