ရန်ကုန် စက်တင်ဘာ ၃၀

 

မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း၏ တာဝန်ပေးချက်အရ ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း ရွေးချယ်တင်မြှောက်ပွဲကော်မရှင်အဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများသည် ပဲခူးတိုင်းဒေသကြီး ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း ရွေးချယ်တင်မြှောက်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက ပဲခူးမြို့ မြို့တော်ခန်းမ၌ ကျင်းပသည်။

 

ဦးစွာ ပဲခူးတိုင်းဒေသကြီး စီးပွားရေးရာဝန်ကြီး ဦးတင်ဦးက အမှာစကားပြောကြားပြီး မြန်မာနိုင်ငံ ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ဦးဆန်းလင်းက နှုတ်ဆက်စကားပြောကြားသည်။

 

ထို့နောက် မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်း ရှင်များအသင်း ဒုတိယဥက္ကဋ္ဌ၊ ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း ရွေးချယ်တင်မြှောက်ပွဲကော်မရှင်အဖွဲ့ဥက္ကဋ္ဌ ဦးပိုင်ဖြိုးသန့်က ဆီကုန်သည် နှင့် ဆီလုပ်ငန်းရှင်များအသင်း ဖွဲ့စည်းပေးရခြင်းကို ရှင်းလင်းပြောကြားပြီး မြန်မာနိုင်ငံ ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း ဒုတိယဥက္ကဋ္ဌ၊ ရွေးချယ်တင်မြှောက်ပွဲကော်မရှင်အဖွဲ့ (အတွင်းရေးမှူး) ဦးဌေးမိုးက ဆန္ဒမဲပေးရမည့်လုပ်ငန်းစဉ်များကို ရှင်းလင်းပြောကြားသည်။

 

ဆက်လက်၍ ပဲခူးတိုင်းဒေသကြီး ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း အလုပ်အမှုဆောင် ရွေးချယ်ခြင်း၊ အတည်ပြုခြင်း၊ ဗဟိုအလုပ်အမှုဆောင်ရွေးချယ်ခြင်း၊ အတည်ပြုခြင်းနှင့် စီမံခန့်ခွဲရေး ကော်မတီဝင်များ ရွေးချယ်ခြင်း၊ အတည်ပြုခြင်းများနှင့် မှတ်တမ်းတင်ခြင်းများပြုလုပ်ခဲ့ကြကြောင်း သိရသည်။

အောင်ကျော်