နေပြည်တော်  ၁၅  မတ် 

 

အရာထမ်းငယ် အခြေခံသင်တန်းအမှတ်စဉ် (၈၆)(၈၇)(၈၈)တို့၏သင်တန်းဆင်းပွဲ အခမ်းအနားကို ရန်ကုန်တိုင်းဒေသကြီး လှည်းကူးမြို့နယ် ဗဟိုဝန်ထမ်းတက္ကသိုလ် (အောက်မြန်မာပြည်) နဝရတ်ခန်းမ၌ ယနေ့နံနက်(၈)နာရီတွင် ကျင်းပရာ ဗဟိုဝန်ထမ်း တက္ကသိုလ် (အောက်မြန်မာပြည်) ပါမောက္ခချုပ် ဦးအောင်တင်စိုး တက်ရောက်၍ သင်တန်းဆင်းအမှာစကားပြောကြားပြီး သင်တန်းအမှတ်စဉ်အလိုက် စံပြဆုများနှင့် သင်တန်းဆင်း ဂုဏ်ပြုလက်မှတ်များကို ပေးအပ်သည်။

 

သင်တန်းဆင်းပွဲသို့ ဒုတိယပါမောက္ခချုပ်(စီမံခန့်ခွဲရေး)၊ ကျောင်းအုပ်ကြီး/ဒုတိယ ပါမောက္ခချုပ် (သင်ကြားရေး)၊ ဌာနကြီးမှူး/ပါမောက္ခ(ပညာဌာနမှူး)များ၊ ဌာနမှူး/တွဲဖက် ပါမောက္ခများ၊ ကထိကများ၊ သင်တန်းမှူးများနှင့် အရာထမ်းငယ်အခြေခံ သင်တန်း အမှတ်စဉ်(၈၆)(၈၇)(၈၈)သို့ တက်ရောက်ကြသည့် ဗဟိုအဖွဲ့အစည်းများ၊ ဝန်ကြီးဌာန များနှင့် တိုင်းဒေသကြီး/ ပြည်နယ်အစိုးရအဖွဲ့မှ ဒုတိယဦးစီးမှူးအဆင့်ရှိ သင်တန်းသား (၁၆၈)ဦးနှင့် သင်တန်းသူ(၂၂၄) ဦး တက်ရောက်ပြီးသင်တန်းကာလမှာ ရက်သတ္တ(၄)ပတ် ကြာမြင့်သည်။

 

(သတင်းစဉ်)