အင်္ဂပူ စက်တင်ဘာ ၃၀
ဧရာဝတီတိုင်းဒေသကြီး အင်္ဂပူမြို့နယ် ဘုရားငုတ်တိုကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးရုံးတွင် ယမန်နေ့ မွန်းလွဲပိုင်းက ချစ်ပန်းနေကြာ မြေပဲစိုက်ပျိုး ထုတ်လုပ်ရေးသမဝါယမ အသင်းသားများအား မြေပဲပန်းတိုင် အထွက်နှုန်းရရှိရေး ရုရှားသဘာဝ မြေဩဇာ (Ruma Organic) ဆေးများ အသုံးပြုပုံအဆင့်ဆင့်ကို အသိပညာပေးဆွေးနွေးသည်။
ဦးစွာ ဧရာဝတီတိုင်းဒေသကြီးသမဝါယမဦးစီးမှူး ဦးကျော်စိုးမင်းက ဆီထွက်သီးနှံဖူလုံစေရေး မြေပဲပန်းတိုင်အထွက်နှုန်းရရှိရေးအတွက် ရုရှားသဘာဝမြေဩဇာ အသုံးပြုပုံအဆင့်ဆင့်ကို တောင်သူများအား ပညာပေးဆွေးနွေးပြီး မြေပဲစိုက်ပျိုးသည့် တောင်သူ သုံးဦး၏ မြေပဲစိုက်ခင်း ၁၀ ဧကတွင် စမ်းသပ်စိုက်ပျိုးရန်အတွက် ရုရှားနိုင်ငံမှ Ruma Organic သဘာဝမြေဩဇာများအား အခမဲ့ထောက်ပံ့ပေးအပ်ပြီး ဆေးဖျန်းမှုကို ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)


