ကျိုင်းတုံ စက်တင်ဘာ ၃၀

ရှမ်းပြည်နယ် (အရှေ့ပိုင်း) ကျိုင်းတုံမြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်  ရှမ်းပြည်နယ်အစိုးရ အဖွဲ့၏ ခွင့်ပြုရန်ပုံငွေ မွေးမြူရေး ဘဏ်စနစ်ဖြင့်  မွေးမြူရေး တောင်သူများအား တိရစ္ဆာန်မျိုးကောင်း၊  မျိုးသန့်ဒေသနွားများ အခမဲ့ ဖြန့်ဖြူးပေးအပ်ပွဲကို စက်တင်ဘာ ၂၉ ရက်က ကတ်ထိုက်အုပ်စု တုံကွမ်ကျေးရွာတွင် ကျင်းပသည်။

ဦးစွာ ပြည်နယ်အစိုးရအုပ်ချုပ် ရေးအဖွဲ့ခွဲ(ရှမ်းအရှေ့)ဥက္ကဋ္ဌ ဦးတင်လင်းနှင့် ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးနိုးဝေတို့က အမှာစကား ပြောကြားပြီး ကျိုင်းတုံခရိုင်မွေးမြူ ရေးနှင့် ကုသရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဒေါက်တာမျိုးနိုင်က ဖြန့်ဖြူးပေးသည့် ဒေသနွား၊ နွားပြာစိမ်းအမ ၁၀ ကောင်အား မွေးမြူရေးဘဏ် စနစ်အရ ကျေးရွာကော်မတီမှ တစ်ဆင့် လွှဲပြောင်းပေးခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။ 

ထို့နောက် တာဝန်ရှိသူများက ကျေးရွာကော်မတီထံ ဒေသနွား၊ နွားပြာစိမ်းအမ ၁၀ ကောင်နှင့် စာချုပ်များ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။ 

အခမဲ့ဖြန့်ဖြူးပေး

ထို့အတူ ကျိုင်းတုံမြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ဒေသအတွင်း ဝက်သားထုတ်လုပ်မှု မြှင့်မားရေးအတွက် စက်တင်ဘာ ၂၇ ရက်က မွေးမြူရေးဘဏ်စနစ်ဖြင့် ကတ်ဖကျေးရွာအုပ်စု နောင်ဟောင်ကျေးရွာမှ မွေးမြူရေးတောင်သူများအား ဒေသဝက် အကောင် ၅၀ အခမဲ့ ဖြန့်ဖြူးပေးခဲ့ကြောင်း သိရသည်။ 

အောင်ဇင်မြင့်(ပြန်/ဆက်)