မြဝတီ ၁၅ မတ်
ထိုင်းနိုင်ငံမှ သရက်သီးများ မဲဆောက်-မြဝတီနယ်စပ်ဂိတ်မှတစ်ဆင့်ဝင် ရောက်လာပြီး ပြည်တွင်းဈေးကွက်သို့ တင်ပို့လျက် ရှိကြောင်းသိရသည်။
"သရက်သီးကအောက်တိုဘာလက စပြီး ထိုင်းဘက်မှာ သရက်ကင်းအဖြစ် ထွက်ရှိပြီးပြည်တွင်းကို ဝင်ရောက်လာခဲ့တယ်၊သရက်ကင်းကမဲဆောက်မှာ ၁ ကီလို ၁၈ ဘတ်ဝယ်ရတယ်၊အခုဖေဖော် ဝါရီဆိုရင်သရက်ကင်းဝင်ရောက်မှုရပ် သွားပြီ၊အခုသရက်သီးအလုံးကြီးတွေ ဝင်ရောက်နေပြီ၊သရက်သီးအလုံးကြီးက ၁ ကီလိုကို ၆ ဘတ်ဝယ်ရတယ်၊သရက် သီးအလုံးကြီးတွေကိုပြီးခဲ့တဲ့ဒီဇင်ဘာလ ကတည်းကဝယ်ယူတင်သွင်းနေပါတယ်၊ တံတားပေါ်ကတရားဝင်တင်သွင်းတာ ဖြစ်ပြီးနေပြည်တော်၊ရန်ကုန်၊မန္တလေးနဲ့ မြန်မာပြည်အနှံ့မြို့ကြီးတွေကိုပို့ဆောင် ပေးပါတယ်၊တစ်နေ့ကိုကျပ်သိန်း ၅ဝ ဖိုး လောက်အထိပို့ဆောင်ပေးနေရပါတယ်"ဟုသီးနှံများအားရာသီအလိုက်ထိုင်းနိုင်ငံမှပြည်တွင်းသို့ဝယ်ယူတင်သွင်းနေသည့် လုပ်ငန်းရှင်တစ်ဦး ကပြောသည်။
မြန်မာပြည်တွင် ယခုအချိန်၌ သရက် သီးမှာအကင်းအဖြစ်မထွက်သေးခင် ထိုင်း တွင်စိုက်ပျိုးမှုနည်းစနစ်များ ခေတ်မီမှု ကြောင့်သရက်ကင်း၊သရက်သီးစိမ်း နှင့်သရက်သီးအမှည့်များပါထွက်ရှိနေပြီး သရက်သီးအစိမ်းများမှာပြည်တွင်းသို့ များစွာ တင်ပို့နေကြောင်း သိရသည်။
သရက်သီးစိမ်းကပြည်တွင်းမှာအသုံး များတယ်၊အဓိကက သရက်ချဉ်လုပ်ပြီး သရက်ချဉ်သုတ် အဖြစ် အလှူပွဲတွေ မှာ အသုံးများကြတယ်၊ပြီးတော့သရက်ချဉ် ပေါင်းလုပ်ပြီးနိုင်ငံအနှံ့ဈေးသည်တွေက ရောင်းကြတယ်၊ကိုယ့်နိုင်ငံမှာက သရက် ပင်တွေက အဖူးထွက်တုန်းပဲရှိသေးတယ်၊ ထိုင်းမှာကမှည့်နေပြီဘယ်လိုစိုက်ကြလဲတော့မသိဘူး" ဟု ဒေသခံတစ်ဦးက ပြော သည်။
ထိန်လင်းအောင်(ပြန်/ဆက်)


