ရန်ကုန် စက်တင်ဘာ ၃ဝ

 

ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးချုပ်၏ စီစဉ်မှုဖြင့် AI နည်းပညာ အသုံးချနည်း သင်တန်းဖွင့်ပွဲကို ယနေ့နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီးရုံး သင်တန်းခန်းမ၌ ကျင်းပသည်။

 

ဦးစွာ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရန်ကုန်တိုင်းဒေသကြီးရုံး ညွှန်ကြားရေးမှူး ဒေါ်ခင်စောလင်းက အမှာစကားနှင့် သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်ကို ပြောကြားပြီး ဦးစီးဌာန (ရုံးချုပ်)မှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ယမင်းလှိုင်က AI နည်းပညာအသုံးချနည်း နှင့်ပတ်သက်၍ ဆွေးနွေးပို့ချသည်။ 

 

အဆိုပါသင်တန်းတွင် AI နည်းပညာသမိုင်းအကြောင်း၊ AI နည်းပညာတွင် ပါဝင်သည့်ကဏ္ဍ အသီးသီးတွင် အသုံးချပုံများ၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးလုပ်ငန်းများတွင် AI နည်းပညာ ဖြင့်လုပ်ငန်းများ ပိုမိုမြန်ဆန်စွာဆောင်ရွက်နိုင်မည့် နည်းလမ်းများနှင့် လက်တွေ့အသုံးချနိုင်သည့် AI Tools များအကြောင်းကို စာတွေ့၊ လက်တွေ့သင်ကြားပေးမည်ဖြစ်ကြောင်း သိရသည်။

ကျော်ဆန်းမြင့်