မြန်အောင် စက်တင်ဘာ ၃၀
ဧရာဝတီတိုင်းဒေသကြီး မြန်အောင်မြို့နယ် “ထူးမေတ္တာ”နှင့် “ခေတ္တာ” စိုက်ပျိုးထုတ်လုပ်ရေး သမဝါယမအသင်းများ၏ မြေပဲစိုက်ပျိုးနေမှုနှင့် မိုးစပါးရိတ်သိမ်းနေမှုတို့ကို ယမန်နေ့က ဧရာဝတီတိုင်းဒေသကြီး သမဝါယမဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူး ဦးကျော်စိုးမင်းနှင့် တာဝန်ရှိသူများ ကွင်းဆင်းကြည့်ရှုအားပေးကြသည်။
ဦးစွာ မြန်အောင်မြို့နယ် ကညင်ငူအုပ်စု ကာစီကွင်းကျေးရွာတွင် “ထူးမေတ္တာ” စိုက်ပျိုး ထုတ်လုပ်ရေး သမဝါယမအသင်းသားများအား Ruma Organic Co.,Ltd. ဧရာဝတီတိုင်းဒေသကြီး တာဝန်ခံ ဦးဝင်းဗိုလ်က Ruma Organic သုံးစွဲပုံနည်းပညာများ ရှင်းလင်းပြောကြားပြီး တောင်သူ ဦးအောင်စိုး၏ မြေပဲ ငါးဧကစိုက်ကွင်းတွင် မြေပြုပြင်ခြင်း၊ Ruma Organic ဆေးပက်ဖျန်းခြင်းတို့ကို တိုင်းဒေသကြီး သမဝါယမဦးစီးမှူးနှင့်အဖွဲ့က ကွင်းဆင်းကြည့်ရှုအားပေးကြသည်။
ဆက်လက်၍ ဇီးဖြူကုန်းကျေးရွာအုပ်စု “ခေတ္တာ” စိုက်ပျိုးထုတ်လုပ်ရေးသမဝါယမအသင်းသား တောင်သူ ဦးနိုင်ထူး၏ လယ်မြေ ၁၂ ဧက တွင် အောင်နိုင်တိုး မိုးစပါးရိတ်သိမ်းနေမှုကို ကြည့်ရှုအားပေးကြသည်။
မြန်အောင်မြို့နယ် သမဝါယမအသင်းများက ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်တွင် မိုးစပါး ဧက ၁၂၀၀ စိုက်ပျိုးခဲ့ပြီး ဆီထွက်သီးနှံစိုက်ပျိုးရေးစီမံကိန်းအရ မြေပဲဧက ၂၀၀၀ စိုက်ပျိုးခဲ့ကြောင်း သိရသည်။
ဝင်းဗိုလ်(ပြန်/ဆက်)


