ရန်ကုန် စက်တင်ဘာ ၃၀

 

ရန်ကုန်တိုင်းဒေသကြီး မြောက်ဥက္ကလာပမြို့နယ်တွင် ကျန်းမာရေးဝန်ကြီးဌာနမှ ကြီးမှူး၍ မြောက်ဥက္ကလာပမြို့နယ် ပြည်သူ့ဆေးရုံကြီးမှ အထူးကုဆရာဝန်ကြီးများက ကွင်းဆင်း ဆေးကုသခြင်း လုပ်ငန်းများကို ယနေ့နံနက်ပိုင်းတွင် ကျောက်ရေတွင်းရပ်ကွက် ဣစ္ဆာသယ ဘိုကလေးကျောင်းတော်၌ ဆောင်ရွက်သည်။

 

ထိုသို့ ဆောင်ရွက်ရာတွင် မြောက်ဥက္ကလာပ ပြည်သူ့ဆေးရုံကြီးမှ ဆေးရုံအုပ်ကြီး ဒေါက်တာ ဦးအောင်ငွေစံ ဦးဆောင်ကြီးကြပ်၍ ဆေးရုံအုပ်ချုပ်စီမံသူများ၊ မြောက်ဥက္ကလာပမြို့နယ် ကျန်းမာရေး ဦးစီးဌာနမှ ဒေါက်တာ မျိုးမင်းထွန်းနှင့် ဝန်ထမ်းများ၊ ခွဲစိတ်အထူးကုဆရာဝန် လေးဦး၊ ကလေးအထူးကုဆရာဝန် နှစ်ဦး၊ သားဖွားမီးယပ်အထူးကု ဆရာဝန် နှစ်ဦး၊ အထွေထွေ (ဆီးချိုနှင့် ဟော်မုန်း) အထူးကုဆရာဝန် လေးဦး၊ သူနာပြုအုပ်ကြီးနှင့်အဖွဲ့သည် သာသနာ့နွယ်ဝင်များနှင့် ပြည်သူ ၅၂၇ ဦးတို့အား အထွေထွေရောဂါ၊ ခွဲစိတ်၊ သားဖွားမီးယပ်၊ ကလေး၊ တီဘီရောဂါတို့ကို ဆေးဝါးကုသမှုများ ဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။

သက်လွင်စိုး (ပြန်/ဆက်)