အုတ်ဖို စက်တင်ဘာ ၃၀
ပဲခူးတိုင်းဒေသကြီး အုတ်ဖိုမြို့နယ် ငါးလုပ်ငန်းစခန်းမှ ငါးလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး၊ ငါးရိက္ခာဖူလုံရေး၊ ငါးသယံဇာတ ပေါကြွယ်ဝရေးအတွက် ဂမုန်းချောင်း သဘာဝရေပြင်အတွင်းသို့ ငါးမျိုးစိုက်ထည့်ခြင်းလုပ်ငန်းကို ယနေ့နံနက် ၈ နာရီခွဲက ဂုံညင်းတန်းအုပ်စု ဂုံညင်းတန်းကျေးရွာ ထိပ်ရှိ မင်းလှရေလှောင်တမံ လယ်ယာတူးမြောင်းခွဲ၌ ကျင်းပသည်။
ငါးသားပေါက်ကောင်ရေ ၁၄၀၀၀၀ စိုက်ထည့်
အဆိုပါ ငါးမျိုးစိုက်ထည့်ခြင်းလုပ်ငန်းသို့ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဖြိုးဝေလင်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မင်းလှမြို့နယ် ငါးလုပ်ငန်းဦးစီးဌာနမှူး၊ မြို့နယ်ငါးလုပ်ငန်း စခန်းတာဝန်ခံ ဒေါ်မိုးသီတာနှင့် ဝန်ထမ်းများ တက်ရောက်ပြီး နှစ်လက်မအရွယ် ငါးမြစ်ချင်းကောင်ရေ ၃၀၀၀၀၊ ငါးခုံးမကြီးကောင်ရေ ၁၀၀၀၀၀ နှင့် ငါးဖန်းမကောင်ရေ ၁၀၀၀၀ စုစုပေါင်းငါးသားပေါက်ကောင်ရေ ၁၄၀၀၀၀ စိုက်ထည့်ခဲ့ကြောင်း သိရသည်။
အောင်သူ (ပြန်/ဆက်)


