ရန်ကုန် စက်တင်ဘာ ၃၀
ရန်ကုန်တိုင်းဒေသကြီး တာမွေမြို့နယ်အတွင်းရှိ မဲဆန္ဒရှင်ပြည်သူများအား MEVM မဲပေးစက်ဆိုင်ရာ အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်းကို စက်တင်ဘာ တတိယအပတ်က တာမွေမြို့နယ် ဘိုးလိန်းအောင်မင်္ဂလာရပ်ကွက် အောင်မင်္ဂလာခန်းမ၌ ပြုလုပ်သည်။
ဦးစွာ တာမွေမြို့နယ် ရွေးကောက် ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးမျိုးအောင်က အမှာစကား ပြောကြားသည်။
အခမ်းအနားသို့ တာမွေမြို့နယ် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီမှ တာဝန်ရှိသူများ၊ မြန်မာအီလက်ထရောနစ် မဲပေးစက် (MEVM) မြို့နယ်အဆင့် လုပ်ငန်းအဖွဲ့ဝင်များ၊ တာမွေမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ တာဝန်ရှိသူများ၊ မြို့နယ်အတွင်းရှိ မဲဆန္ဒရှင်ပြည်သူများ တက်ရောက်ကြပြီး မြို့နယ်အဆင့် MEVM နည်းပြ ဆရာ ဆရာမများက MEVM မဲပေးစက်ဆိုင်ရာ အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးနိုင်ရေး သင်ကြားပို့ချခြင်း၊ မဲဆန္ဒရှင်ပြည်သူများက လက်တွေ့စမ်းသပ်မဲပေးခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ကိုထက်


