လွိုင်လင် အောက်တိုဘာ ၁
ရှမ်းပြည်နယ်(တောင်ပိုင်း) လွိုင်လင်မြို့၌ (၆၁) နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ အထိမ်းအမှတ် အခမ်းအနားကို ခရိုင်ရဲတပ်ဖွဲ့မှူးရုံးနှင့် မြို့မရဲစခန်းတို့တွင် ယနေ့နံနက်ပိုင်းက ကျင်းပရာ လွိုင်လင်တပ်နယ်မှူး ဗိုလ်မှူးချုပ်သန်းထွန်းအောင် တက်ရောက်အားပေးသည်။
အခမ်းအနားတွင် ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကြည်မြင့်က မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ်ထံမှပေးပို့သည့် သဝဏ်လွှာအား ဖတ်ကြားသည်။ ယင်းနောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ လှုပ်ရှားဆောင်ရွက်ခဲ့သည့် ဗီဒီယိုကလစ်ကိုပြသခဲ့ပြီး ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး မိုးညွန့်ထွန်းနှင့် တာဝန်ရှိသူများက ဖိတ်ကြားထားသော ဧည့်သည်များထံ အမှတ်တရလက်ဆောင်ပစ္စည်းများ ပေးအပ်ပြီး ထူးချွန်တပ်ဖွဲ့ဝင်များအား ဂုဏ်ပြုမှတ်တမ်း၊ ဂုဏ်ပြုဆုငွေများ ချီးမြှင်ပေးအပ်ခဲ့ကြောင်း သိရသည်။
လွိုင်လင်မိုး


