မူဆယ် အောက်တိုဘာ ၁
ရှမ်းပြည်နယ် (မြောက်ပိုင်း) မူဆယ်မြို့၌ (၆၁)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ အခမ်းအနားကို ယနေ့နံနက် ၉ နာရီက မူဆယ်မြို့ မြို့တော်ခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် (၆၁)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ အခမ်းအနားသို့ ပြည်ထဲရေးဝန်ကြီးဌာန မြန်မာနိုင်ငံရဲတပ်ဖွဲ့ရဲချုပ် ဒုတိယဗိုလ်ချုပ်ကြီး ဝင်းဇော်မိုး ပေးပို့သည့် သဝဏ်လွှာအား မူဆယ်ခရိုင် ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး ပြည့်ဝင်းအောင်က ဖတ်ကြားပေးသည်။
ယင်းနောက် တစ်ဆင့်တိုး ရာထူးအဆင့် တံဆိပ်ရရှိခဲ့သည့် ရဲတပ်ဖွဲ့ဝင် ငါးဦးအား ရာထူး အဆင့်တံဆိပ်ကို မူဆယ်ခရိုင် ရဲတပ်ဖွဲ့မှူးက တပ်ဆင်ပေးခဲ့သည်။ ဆက်လက်၍ ရဲတပ်ဖွဲ့နေ့ အထိမ်းအမှတ် ဗီဒီယိုကလစ်ကို ပြသပေးခဲ့ကြောင်း သိရသည်။
ချယ်ရီမြေ (မူဆယ်)


