ဘုတ်ပြင်း အောက်တိုဘာ ၁
တနင်္သာရီတိုင်းဒေသကြီး ဘုတ်ပြင်းမြို့၌ (၆၁)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ အခမ်းအနားကို ယနေ့နံနက်ပိုင်းက ဘုတ်ပြင်းမြို့နယ် ရဲတပ်ဖွဲ့မှူးရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် ဘုတ်ပြင်းခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမင်းကိုက အမှာစကား ပြောကြားသည်။ ထို့နောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့ရဲချုပ် ဒုတိယဗိုလ်ချုပ်ကြီး ဝင်းဇော်မိုး ပေးပို့သည့် (၆၁)နှစ် မြောက် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နေ့သဝဏ်လွှာအား ဘုတ်ပြင်းခရိုင် ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး ဝင်းနိုင်က ဖတ်ကြားသည်။
ဆက်လက်၍ ရဲမှုထမ်းကောင်း တံဆိပ်၊ မှုခင်းကြိုတင်ကာကွယ်မှု အများဆုံးဖမ်းဆီးနိုင်သည့် တပ်ဖွဲ့ဝင်များ၊ အကြမ်းဖက်သောင်းကျန်းသူများ တိုက်ခိုက်လာမှုအပေါ် မိမိရဲစခန်းမကျစေရေး စိတ်ဓာတ် ကောင်းမွန်စွာဖြင့် ရန်သူကို ရွပ်ရွပ်ချွံချွံကြံကြံခံ ခုခံတိုက်တိုက်ခဲ့သည့် သက်ဆိုင်ရာ နယ်မြေရဲစခန်းများမှ တာဝန်ရှိသူများနှင့် ရပ်ရွာအေးချမ်းသာယာရေးနှင့် တရားဥပဒေစိုးမိုးရေး လုပ်ငန်းများတွင် လိုက်ပါကူညီဆောင်ရွက်ခဲ့သည့် ရပ်ကွက်/ ကျေးရွာများမှ အုပ်ချုပ်ရေးမှူးများအား ဂုဏ်ပြုဆုနှင့် အမှတ်တရ လက်ဆောင်များ ချီးမြှင့်ပေးအပ်ခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)


