နေပြည်တော် အောက်တိုဘာ ၁
မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ(၃) ဦးသက်ထွန်းအောင်သည် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ဆောက်လုပ်ရေးအထူးအဖွဲ့(၆)မှ တာဝန်ယူ တည်ဆောက်နေသော မြန်မာနိုင်ငံတော် ဗဟိုဘဏ် မန္တလေးဘဏ်ခွဲ အဆောက်အအုံအသစ် တည်ဆောက်ပြီးစီးမှုကို ကြည့်ရှုစစ်ဆေးပြီး သတ်မှတ်ကာလအတွင်း အချိန်မီပြီးစီးရေး၊ သတ်မှတ်အရည်အသွေး စံချိန်စံနှုန်း ကိုက်ညီမှုရှိရေး၊ လုပ်ငန်းခွင်အတွင်း ဘေးအန္တရာယ် ကင်းရှင်းစေရန် ဆောင်ရွက်ရေးတို့ကို မှာကြားသည်။
မွန်းလွဲပိုင်းတွင် မြန်မာနိုင်ငံတော်ဗဟိုဘဏ် မန္တလေးဘဏ်ခွဲရှိ ငွေကြေးဝန်ထမ်းများ လုပ်ငန်း ဆောင်ရွက်နေမှုများ၊ ဌာနအလိုက်ရုံးခန်းများနှင့် ငွေစစ်ခန်းများကို ကြည့်ရှုစစ်ဆေးခြင်း၊ အရာထမ်း/ အမှုထမ်းများကို တွေ့ဆုံ၍ ဝန်ထမ်းသက်သာချောင်ချိရေးဆိုင်ရာ ကိစ္စရပ်များ၊ စည်းကမ်းထိန်းသိမ်းရေးပိုင်း ဆိုင်ရာကိစ္စရပ်များ၊ ဝန်ထမ်းရေးရာဆိုင်ရာ ကိစ္စရပ်များနှင့် လက်ရှိနယ်မြေလုံခြုံရေးအရ သွားလာနေထိုင်မှုများနှင့် ပတ်သက်၍ လုံခြုံရေးအသိ၊ လုံခြုံရေး သတိရှိရေးတို့အား ရှင်းလင်းပြောကြားခြင်း၊ ဌာနအလိုက် လိုအပ်ချက်များ ဖြည့်ဆည်းခြင်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်


