မော်လမြိုင် အောက်တိုဘာ ၁

 

(၆၁)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့အခမ်းအနားကို ယနေ့နံနက်ပိုင်းက မော်လမြိုင်မြို့ ပြည်နယ်ခန်းမ၌ ကျင်းပရာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ် တိုင်းဦးစီးချုပ်၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများနှင့် ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များ တက်ရောက်ကြသည်။

 

အမှုထမ်းကောင်းလက်မှတ်များ ပေးအပ်ချီးမြှင့်

ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်က အမှာစကားပြောကြားပြီး (၆၁)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ အတွက် မြန်မာနိုင်ငံရဲတပ်ဖွဲ့ရဲချုပ်မှ ပေးပို့သောသဝဏ်လွှာကို မွန်ပြည်နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး ထွန်း‌အောင်ကျော်က ဖတ်ကြားကာ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်နှင့် ပြည်နယ်ဝန်ကြီးတို့က (၆၁)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့အထိမ်းအမှတ် မွန်ပြည်နယ်ရဲတပ်ဖွဲ့ဝင်များအား အမှုထမ်းကောင်းလက်မှတ်များ ပေးအပ်ချီးမြှင့်သည်။

 

ယင်းနောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့၏လှုပ်ရှားဆောင်ရွက်မှု မှတ်တမ်း Video Clip ကို ပြသပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက မွန်ပြည်နယ် ရဲတပ်ဖွဲ့၏ လှုပ်ရှားဆောင်ရွက်မှု မှတ်တမ်းဓာတ်ပုံပြခန်းကို လိုက်လံကြည့်ရှုအားပေးသည်။

စည်သူ(ပြန်/ဆက်)