လွိုင်ကော် အောက်တိုဘာ ၁

 

(၆၁)နှစ်မြောက်  မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့  အခမ်းအနားကို  ယနေ့နံနက်ပိုင်းတွင်  လွိုင်ကော်မြို့  ပြည်နယ်ခန်းမ၌  ကျင်းပရာ  ကယားပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်၊ ဒေသကွပ်ကဲရေးမှူး၊  ပြည်နယ်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ရဲတပ်ဖွဲ့ဝင်များနှင့် မိသားစုဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

 

ပြောကြား

အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်က ရဲတပ်ဖွဲ့ဝင်များအနေဖြင့် လုံခြုံရေး၊ ရပ်ရွာအေးချမ်းသာယာရေးနှင့် တရားဥပဒေစိုးမိုးရေးလုပ်ငန်းများကို နောင်တော်တပ်မတော်နှင့် လက်တွဲကာ ဥပဒေနှင့်အညီ ကာကွယ်စောင့်ရှောက်လျက်ရှိပါကြောင်း၊ မူးယစ်ဆေးဝါးတားဆီး ကာကွယ်ရေး၊ မှုခင်းကြိုတင်ကာကွယ်ရေး၊ လူကုန်ကူးမှုတားဆီး ကာကွယ်ရေးနှင့် အွန်လိုင်းငွေကြေး လိမ်လည်မှု ကာကွယ်ရေးလုပ်ငန်းများကို ထိရောက်စွာ ဟန့်တားနိုင်ရေးနှင့် ရှာဖွေဖော်ထုတ်ဖမ်းဆီး အရေးယူနိုင်ရေး ကြိုးပမ်းဆောင်ရွက်သွားကြရန် ဖြစ်ပါကြောင်း၊ ရဲတပ်ဖွဲ့ဝင်များအနေဖြင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ ဂုဏ်သိက္ခာကို အစဉ်မြှင့်တင်ဆောင်ရွက်သွားကြရန်နှင့် ပြည်သူလူထု၏ အားကိုးယုံကြည်မှု ရရှိအောင် ကြိုးပမ်းဆောင်ရွက်သွားကြရန် ပြောကြားသည်။

 

ယင်းနောက် ကယားပြည်နယ် ရဲတပ်ဖွဲ့မှူးရဲမှူးကြီး မောင်မောင်ဦးက မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ်၏ သဝဏ်လွှာအား  ဖတ်ကြားသည်။

 

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က (၆၁)နှစ်မြောက် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နေ့အခမ်းအနားအတွက် ဂုဏ်ပြုချီးမြှင့်ငွေများ  ပေးအပ်ရာ ပြည်နယ်ရဲတပ်ဖွဲ့မှူးက  လည်းကောင်း၊ မှုခင်းကျဆင်းရေးအတွက် စွမ်းစွမ်းတမံတာဝန်ထမ်းဆောင်ခဲ့သော တပ်ဖွဲ့ဝင်နှစ်ဦးအား ဂုဏ်ပြုမှတ်တမ်းနှင့် ချီးမြှင့်ငွေများ ပေးအပ်ရာ တပ်ဖွဲ့ဝင်များကလည်းကောင်း  လက်ခံရယူကြသည်။

 

ဆက်လက်၍ ဒေသကွပ်ကဲရေးမှူး၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာ ဝန်ကြီးတို့က မှုခင်းကျဆင်းရေး အတွက် ကြိုးပမ်းဆောင်ရွက်ခဲ့ကြသည့်  တပ်ဖွဲ့ဝင်များအား  ဂုဏ်ပြုမှတ်တမ်းနှင့် ချီးမြှင့်ငွေများ ပေးအပ်ကြသည်။

 

လှည့်လည်ကြည့်ရှု

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် (၆၁)နှစ်မြောက် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နေ့ အထိမ်းအမှတ် Video Clip  ကို ကြည့်ရှုအားပေးပြီး တပ်ဖွဲ့ဝင်များအား  ရင်းရင်းနှီးနှီး နှုတ်ဆက် အားပေးစကား ပြောကြားကာ အထိမ်းအမှတ်နေ့ ခင်းကျင်းပြသထားသော ပြခန်းကို လှည့်လည်ကြည့်ရှုကြသည်။

ပြည်နယ်(ပြန်/ဆက်)