အောက်တိုဘာ ၂
နိုင်ဂျီးရီးယားနိုင်ငံ အလယ်ပိုင်း ကိုဂီ ပြည်နယ်တွင် အပြည့်တင်ဆောင်ထားသော လှေတစ်စင်း တိမ်းမှောက်ပြီးနောက် ရုပ်အလောင်း ၂၆ လောင်းထက်မနည်း ဆယ်ယူရရှိခဲ့ကြောင်း ဒေသဆိုင်ရာ အာဏာပိုင်များက ယမန်နေ့က ပြောကြားခဲ့သည်။
ကိုဂီ ပြည်နယ် အိုင်ဘာဂျီဒေသမှ ကုန်သည်အများစုသည် တောင်ပိုင်း အီဒို ပြည်နယ်ရှိ အိုင်လပ်ရှီစျေးသို့ လိုက်ပါလာရာ စက်တင်ဘာ ၃၀ ရက်ညနေပိုင်းက နိုင်ဂျာမြစ် လမ်းခုလတ်တွင် တိမ်းမှောက်သွားခဲ့သည်ဟု ကိုဂီပြည်နယ် သတင်းအချက်အလက်နှင့် ဆက်သွယ်ရေးဆိုင်ရာ ကော်မရှင်နာက ဆိုရှယ်မီဒီယာ ပလက်ဖောင်း အိတ်ချ်တွင် ဖော်ပြခဲ့သည်။
ထိုလှေတိမ်းမှောက်မှုတွင် သေဆုံးသူ ပိုမိုများပြားလာပြီး သေဆုံးသူဦးရေမြင့်တက်လာနိုင်ကြောင်း မျက်မြင်သက်သေများ၏ပြောကြားချက်ကို ကိုးကားပြီး ဒေသခံမီဒီယာက ယမန်နေ့ကဖော်ပြထားသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို


