နတ်မောက် အောက်တိုဘာ ၂

 

မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ်၌ စက်တင်ဘာ ၂၈ ရက်က မိုးသည်းထန်စွာ ရွာသွန်းပြီး နတ်မောက်ယင်းချောင်းမှ ရေကြီးရေလျှံမှုများဖြစ်လာ၍ ချောင်းနံဘေးတွင် နေထိုင်သည့် လူနေအိမ်များအတွင်း ရေဝင်ရောက်နစ်မြုပ်ပြီး တင်ကျန်ခဲ့သည့်နုန်းနှင့်အမှိုက်များအား ယမန်နေ့က နတ်မောက်မြို့နယ် မီးသတ်တပ်ဖွဲ့ဝင်များက သန့်ရှင်းရေးများ ဆောင်ရွက်ကြသည်။

 

ထိုသို့ သန့်ရှင်းရေးများဆောင်ရွက်ရာတွင် နတ်မောက်မြို့နယ် မီးသတ်တပ်ဖွဲ့ဦးစီးအရာရှိ ဦးဌေးမော်နှင့် မီးသတ်တပ်ဖွဲ့ဝင်များက အောင်ဆန်းရပ်ကွက်ရှိ ရေဘေးသင့်နေအိမ်များအတွင်း သန့်ရှင်းရေးများ ဆောင်ရွက်ကြသည်။ နတ်မောက်မြို့ရှိ ရေဘေးသင့်အိမ်ထောင်စု ၆၂စု၊ လူဦးရေ ၁၂၀ တို့အတွက် အာဟာရကုသိုလ်များနှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများကလည်း နေ့စဉ်ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

လှဝင်း