ဒလ အောက်တိုဘာ ၂
ရန်ကုန်တိုင်းဒေသကြီး ဒလမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီး ဌာနအောက်ရှိ မိခင်နှင့်ကလေး ကျန်းမာရေးဌာန၌ အပတ်စဉ် ဗုဒ္ဓဟူးနေ့တိုင်း ဆောင်ရွက်ပေး လျက်ရှိသည့် ဆီးချို၊ သွေးတိုးရောဂါ ကုသမှုပေးခြင်းနှင့် သက်ကြီးပုဂ္ဂိုလ်များ ကျန်းမာရေး စောင့်ရှောက်မှု အစီအစဉ်ကို ယမန်နေ့နံနက်ပိုင်းက ဒလမြို့နယ် ပြည်သူ့ဆေးရုံကြီး၌ ဆောင်ရွက်ပေးခဲ့သည်။
ထိုသို့ ကျန်းမာရေး စောင့်ရှောက်မှု ဆောင်ရွက်ရာတွင် မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် ကုသရေးဦးစီးဌာနမှူး ဒေါက်တာထွန်းဝင်းနှင့် ဝန်ထမ်းများက ဘိုးဘွားများအား ဆီးချိုသွေးချို၊ သွေးတိုးရောဂါများကို စစ်ဆေး ကုသပေးခြင်း၊ ၁၀ မိနစ်စာ ခုံထိုင် လေ့ကျင့်ခန်းများ ပြုလုပ်ပေးခြင်းနှင့် သက်ကြီးကျန်းမာရေးဆိုင်ရာ စကားဝိုင်းများဖြင့် အသိပညာ ဖလှယ်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးသည်။ ထို့နောက် အမျိုးသား တီဘီရောဂါ တိုက်ဖျက်ရေးစီမံကိန်းမှ သက်ကြီးပုဂ္ဂိုလ်များအား ရင်ခေါင်းဓာတ်မှန် ရိုက်ခြင်းနှင့် ကျန်းမာရေး စစ်ဆေးခြင်းများ၊ ဆေးပေးခြင်းများ ဆောင်ရွက်ပေးခဲ့ ကြသည်။
ခင်စန္ဒာမြင့်(ပြန်/ဆက်)


