ဝါရှင်တန် အောက်တိုဘာ ၂
အမေရိကန်ကွန်ဂရက်လွှတ်တော်က အစိုးရအတွက် ကာလတိုအသုံးစရိတ်ဥပဒေကြမ်းကို အတည်ပြုရန် ပျက်ကွက်ခဲ့ပြီး ဥပဒေအသစ်ပြဋ္ဌာန်းခြင်းမရှိသည့်အတွက် အမေရိကန်အစိုးရ၏ လုပ်ငန်းဆောင်ရွက်မှုများကို အောက်တိုဘာ ၁ ရက် အစောပိုင်းမှစ၍ ယာယီရပ်ဆိုင်းခဲ့ကြောင်း သိရသည်။
အစိုးရ၏လုပ်ငန်းများ ယာယီဆိုင်းငံ့ထားရှိမှုသည် သမ္မတ ဒေါ်နယ်ထရမ့်၏ ပထမသက်တမ်း ၂၀၁၈ ခုနှစ် နောက်ပိုင်းမှစ၍ ခုနစ်နှစ်အတွင်း ပထမဆုံးအကြိမ်ဖြစ်သည်။
အထက်လွှတ်တော် ရီပတ်ဘလီကန်များက အဆိုပြုသည့် အစိုးရအတွက် ကာလတိုအသုံးစရိတ် ဥပဒေကြမ်းကို အတည်ပြုရန် မဲခွဲဆုံးဖြတ်ရာတွင် ဒီမိုကရက်များက ကန့်ကွက်မဲပေးခဲ့သည့်အတွက် လိုအပ်သော ထောက်ခံမဲပမာဏမရရှိခဲ့ပေ။
ရီပတ်ဘလီကန်ပါတီနှင့် ဒီမိုကရက်တစ်ပါတီတို့သည် အမေရိကန်-မက္ကဆီကိုနယ်စပ်တစ်လျှောက် တံတိုင်းတစ်ခုတည်ဆောက်ရန်အတွက် ငွေကြေးထောက်ပံ့မှုနှင့်ပတ်သက်၍ သဘောထားကွဲလွဲလျက်ရှိသည်။
ယင်းသို့ အစိုးရ၏လုပ်ငန်းများ ယာယီရပ်ဆိုင်းထားခြင်းကြောင့် အချို့သော ပြည်သူ့ဝန်ဆောင်မှုများကို ထိခိုက်စေမည်ဖြစ်သည်။
ကိုးကား - အင်န်အိတ်ချ်ကေ
ဘာသာပြန် - အောင်ကျော်ကျော်


