ပေါက်ခေါင်း အောက်တိုဘာ ၂
ပဲခူးတိုင်းဒေသကြီး ပေါက်ခေါင်းမြို့နယ်၌ မီးသတ် အထောက်အကူပြုယာဉ် (MILK TRUCK) ရောက်ရှိပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက မြို့နယ်မီးသတ်ဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ဦးစွာ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်မှုကော်မတီဥက္ကဋ္ဌ ဦးအောင်နိုင်သူဦးက အမှာစကားပြောကြားပြီး ပေါက်ခေါင်းမြို့နယ် မီးသတ်စခန်း ဒုတိယမီးသတ်ဦးစီးမှူး ဦးရဲမင်းသန်းက မီးသတ် အထောက်အကူပြုယာဉ်၏ စွမ်းဆောင်ရည်များကို ရှင်းလင်းပြောကြားပြီး ဦးအောင်ချိုဦးက ဒုတိယမီးသတ်ဦးစီးမှူး ဦးရဲမင်းသန်းအား မီးသတ်အထောက်အကူပြုယာဉ်နှင့် ပတ်သက်၍ စာရွက်စာတမ်းများ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။
ဖုန်းကျော်ဇင်(ပြန်/ဆက်)


