ဟနွိုင်း အောက်တိုဘာ ၂

ဗီယက်နမ်နိုင်ငံ၌  ပညာလာရောက်သင်ကြားသည့် နိုင်ငံတကာ ကျောင်းသားများအား မကြာမီ အချိန်ပိုင်းအလုပ်လုပ်ကိုင်ခွင့်ပေးမည်ဖြစ်ကြောင်း  သိရသည်။

နိုင်ငံ၏ ယဉ်ကျေးမှုကို လေ့လာနိုင်စေရန်နှင့် လုပ်ငန်းခွင်အတွေ့အကြုံရရှိရေးအပြင် နေထိုင်မှုစရိတ်ကာမိစေရေးအတွက် သီတင်းတစ်ပတ်တွင် နာရီ ၂၀ ခန့်အထိ အချိန်ပိုင်းအလုပ် လုပ်ကိုင်ခွင့်ပေးမည်ဖြစ်သည်။

ယခုဆောင်ရွက်ချက်သည် နိုင်ငံတကာကျောင်းသားများအား အချိန်ပိုင်းအလုပ်လုပ်ကိုင်ခွင့်ပေးသည့် ကမ္ဘာ့နိုင်ငံများ၏ စံနှုန်းကို ကိုက်ညီစေရေးအတွက် ဆောင်ရွက်ခြင်းဖြစ်ကြောင်း တာဝန်ရှိသူများက ပြောကြားသည်။

လက်ရှိအချိန်တွင် အမေရိကန်၊ ဗြိတိန်နှင့် နယူးဇီလန်နိုင်ငံတို့တွင် နိုင်ငံတကာကျောင်းသားများအား သီတင်းတစ်ပတ်လျှင်နာရီ ၂၀ အလုပ်လုပ်ကိုင်ခွင့်ပေးထားသည်။ ယခုကဲ့သို့ နိုင်ငံတကာကျောင်းသားများအား အလုပ်လုပ်ကိုင်ခွင့်ပေးခြင်းဖြင့် နိုင်ငံတကာကျောင်းသားများအား ဗီယက်နမ်တွင် ပညာသင်ယူရေးအတွက် ဆွဲဆောင်နိုင်မည်ဟု ပညာရေးဝန်ကြီးဌာနက ပြောကြားသည်။

ယမန်နှစ်အတွင်းက  ဗီယက်နမ်နိုင်ငံ၌ နိုင်ငံတကာကျောင်းသား   ၂၂၀၀၀  ပညာသင်ကြားခဲ့သည်။

ကိုးကား-ဗွီအင်န်အိက်စပရက်

ဘာသာပြန်-စိုးသူရ