မုံရွာ အောက်တိုဘာ ၂
စစ်ကိုင်းတိုင်းဒေသကြီးအတွင်း အကြောင်းအမျိုးမျိုးကြောင့် ဖွင့်လှစ်နိုင်ခြင်းမရှိသည့် အခြေခံပညာ ကျောင်းများ ပြန်လည် ဖွင့်လှစ်နိုင်ရေး အစည်းအဝေးကို ယနေ့နံနက်ပိုင်းက မုံရွာမြို့ရှိ တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး ဝန်ကြီးများ၊ ပညာရေးမှူးများနှင့် အခြေခံပညာ ကျောင်းများမှ ကျောင်းအုပ်ကြီးများ တက်ရောက်ကြသည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်က အခြေခံပညာကျောင်းများ ရာနှုန်းပြည့် ဖွင့်လှစ်နိုင်ရေး၊ ကျောင်းနေအရွယ် ကလေးများအားလုံး အေးချမ်းစွာ ပညာသင်ယူနိုင်ရေး ပူးပေါင်းဆောင်ရွက် ကြစေလိုကြောင်း ပြောကြားသည်။
ထို့နောက် တိုင်းဒေသကြီးပညာရေးမှူးနှင့် မုံရွာခရိုင် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌများက အခြေခံပညာကျောင်းများ ဖွင့်လှစ်သင်ကြားနေမှု၊ ကျောင်းသား ကျောင်းသူများ ပညာသင်ယူနေမှု အခြေအနေများကို ဆွေးနွေးတင်ပြကြသည်။
ယင်းနောက် အခြေခံပညာ ကျောင်းများမှ ကျောင်းအုပ်ကြီးများက ကျောင်း၏ သင်ကြားရေး လုပ်ငန်းများ၊ ကျောင်းဆောင်ကြံ့ခိုင်မှုနှင့် ကျောင်းပရိဘောဂများ ပြည့်စုံလုံလောက်မှု အခြေအနေများကို ရှင်းလင်းတင်ပြကြပြီး တက်ရောက်လာသူများက ကျောင်းများ ပြန်လည်ဖွင့်လှစ်နိုင်ရေး ဆွေးနွေးတင်ပြကြရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က ပေါင်းစပ်ဖြည့်ဆည်း ဆောင်ရွက်ပေးသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)


