ရန်ကုန် အောက်တိုဘာ ၂
ရန်ကုန်တိုင်းဒေသကြီး မြောက်ဥက္ကလာပမြို့၌ ဆုတောင်းပြည့် မယ်လမုစေတီတော်ကြီး ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့၏ (၂၉)ကြိမ်မြောက် ဩဝါဒခံယူပွဲကို စက်တင်ဘာ ၃၀ ရက် နံနက်ပိုင်းက စေတီတော်ကြီးဂေါပကအဖွဲ့ရုံးခန်းမတွင် ပြုလုပ်ခဲ့သည်။
အခမ်းအနားသို့ ပင့်ဖိတ်ထားသော ဩဝါဒါစရိယဆရာတော် အရှင်သူမြတ်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီအဖွဲ့နှင့် တာဝန်ရှိသူများ တက်ရောက်ကြပြီး ဆုတောင်းပြည့်မယ်လမု ဂေါပကအဖွဲ့၏ ဩဝါဒါစရိယဆရာတော်ထံမှ ငါးပါးသီလခံယူဆောက် တည်ကြသည်။
ထို့နောက် ဆုတောင်းပြည့်စေတီတော်ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့ဥက္ကဋ္ဌ ဦးလှကြည်က ဂေါပကအဖွဲ့၏ (၂၀၂၄-၂၀၂၅)ခုနှစ် တစ်နှစ်တာကာလ ဆောင်ရွက်ခဲ့သည့် ဘာသာရေးဆိုင်ရာ ဆောင်ရွက်ထားရှိမှုများ တင်ပြလျှောက်ထားပြီး ဆုတောင်းပြည့်စေတီတော်ဘဏ္ဍာတော် ထိန်းဂေါပကအဖွဲ့ အတွင်းရေးမှူး ဦးသန်းအောင်က စေတီတော်၏ ဘဏ္ဍာရေးအခြေအနေများကို တင်ပြလျှောက်ထားကြသည်။ ယင်းနောက် ဩဝါဒါစရိယဆရာတော်ကြီးများအား စေတီတော်ဂေါပကနှင့်အဖွဲ့ဝင်များက နဝကမ္မအလှူငွေများ ဆက်ကပ်လှူဒါန်းခဲ့ကြကြောင်း သိရသည်။
သက်လွင်စိုး(ပြန်/ဆက်)


